Homeပြည်တွင်းသတင်းဖယ်ခုံမြို့နယ်မှာ ဘုရားဆင်းတုတော်တွေခေါင်းဖြတ်တဲ့ကျူးလွန်သူတွေကို ရှာဖွေအပြစ်ပေးသွားမယ်လို့ KNDF သတိပေး

ဖယ်ခုံမြို့နယ်မှာ ဘုရားဆင်းတုတော်တွေခေါင်းဖြတ်တဲ့ကျူးလွန်သူတွေကို ရှာဖွေအပြစ်ပေးသွားမယ်လို့ KNDF သတိပေး

၃ အောက်တိုဘာ၊ ၂၀၂၄

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာက စေတီတစ်ဆူမှာ ဘုရားဆင်းတုတော်အကုန်လုံးကို ခေါင်းဖြတ်ထားတာကို တွေ့ရှိရတဲ့အတွက် ကျူးလွန်သူတွေကို စုံစမ်းရှာဖွေပြီး ဥပဒေအရ ပြင်းထန်တဲ့ အပြစ်ပေးသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က အောက်တိုဘာလ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လအိကျေးရွာက ဘုရားစေတီတစ်ဆူမှာ ဘုရားဆင်းတုတော်တွေ ခေါင်းဖြတ်ခံထားရတဲ့ ဗီဒီယိုတစ်ခု ဖေ့စ်ဘုတ် လူမှုကွန်ယက်မှာ အောက်တိုဘာ ၂ ရက်က ပျံ့နှံ့နေတာပါ။

ဒီလို ဖြစ်ရပ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ စစ်ဗျူဟာအမှတ်(၁)နဲ့ စစ်ဗျူဟာအမှတ်(၈)တို့က ပြင်းထန်စွာကန့်ကွက်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအားကောင်းနေတဲ့ ကရင်နီပြည်နယ်မှာ ဗုဒ္ဓဘာ သာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဘုရားဆင်းတုတော်တွေကို ဆိုးဆိုးရွားရွား ဖျက်ဆီးတာဟာ နိုင်ငံရေး၊ ဘာသာရေးအဓိကရုဏ်းဖြစ်ဖို့ ဖန်တီးလုပ်ဆောင်တာဖြစ်တယ်လို့ KNDFက ဖော်ပြပါတယ်။

လအိကျေးရွာက အုပ်ချုပ်ရေးတာဝန်ခံတွေနဲ့ ပူးပေါင်းပြီး ဒီဖြစ်ရပ်ကို ကျူးလွန်သူတွေကို ရှာဖွေမှာ ဖြစ်သလို ဥပဒေအရ ပြင်းထန်တဲ့အပြစ်ပေးသွားမယ်လို့ KNDF က အသိပေးထားပါတယ်။

ကရင်နီပြည်နယ်မှာ အရပ်သားအသွင်ယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သတင်း‌ေပေးတွေ စိမ့်ဝင်နေပြီး လေကြောင်းပစ်မှတ် အတည်ပြုပေးတာ၊ လူမျိုးရေး၊ ဘာသာရေး ပြသာနာဖန်တီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီ နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA)တို့ ပူးပေါင်းစစ်ကြောင်းထိုး နေနေချိန် တိုက်တိုက်ဆိုင်ဆိုင် ဗုဒ္ဓဘာသာ ပအို့ဝ်လူမျိုးများတဲ့ ဖယ်ခုံဒေသက ဘုရားဆင်းတုတွေ ခေါင်းဖြတ် ထားတဲ့ ရုပ်သံ ပျံ့နှံ့လာခြင်းဟာ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ကရင်နီဒေသခံတွေက ဆိုပါတယ်။

ပုံစာ – ခေါင်းဖြတ်ခံထားရတဲ့ ဘုရားဆင်းတုတော်

Photo – KNDF

ဆက်စပ် သတင်းများ

Most read