ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံစစ်ရေးပြန် လည်တင်းမာလာတာတွေကြောင့် စစ်သုံးပန့် ပြန်လွှတ်ပေးမယ့်အစီအစဉ်အပါ အခြားကိစ္စရပ်များကိုလည်း ထိုင်းဝန်ကြီးချုပ် အနုတင်က ရပ်ဆိုင်းလိုက်တယ်လို့ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့က ကမ္ဘောဒီးယားနယ်စပ်အနီး မြေမြှုပ်မိုင်းပေါက်ကွဲတဲ့ဖြစ်စဉ်ကြောင့် နှစ်နိုင်ငံစစ်ရေးတင်းမာလာသလို ကမ္ဘောဒီးယားစစ်သုံ့ပန်း ၁၈ ဦး ပြန်လွှတ်ပေးမယ့်ကိစ္စ၊ ကမ္ဘောဒီးယားအလုပ်သမား ၁ သိန်းကျော်နေထိုင်ခွင့် သက်တမ်းတိုးပေးတာတွေကိုလည်း ဝန်ကြီးချုပ်ဘက်က ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင့် အချက် ၄ချက် ပါဝင်တဲ့ ထိုင်း- ကမ္ဘောဒီးယား ငြိမ်းချမ်းရေးသဘောတူစာချုပ်ဟာလည်း အသက်ဝင်တော့မှာမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ကြေညာလိုက်တယ်လို့ ထိုင်းသတင်းတွေဖော်ပြချက်အရ သိရပါတယ်။
သုံ့ပန်း ၁၈ ဦး လွှတ်ပေးရေး၊ နှစ်နိုင်ငံနယ်စပ်ထားရှိကြတဲ့လက်နက်ကြီးတွေဖယ်ရှားရေး စတဲ့အချက်တွေပါဝင်တဲ့
ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ အာဆီယံ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ သက်သေအဖြစ် တက်ရောက်ကာ ထိုင်းဝန်ကြီးချုပ် အနုတင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ကြား လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။


