လှိုင်သာယာမှာ ပစ္စည်းခိုးတယ်လို့ စွပ်စွဲခံရသူဟာ သားအမိတွေမဟုတ်ဘဲ မြေးအဖွားတွေ ဖြစ်နေပြီး ဖြစ်စဉ်အတွက် လူမှုကွန်မှာ အမျိုးမျိုးဝေဖန်တာတွေ မြင့်တက်နေပါတယ်။
လက်ရှိမှာ အဲ့ဒီမြေးအဖွားအပါ ကလေးရဲ့မိခင်ဆိုသူနဲ့ပါတွေ့ဆုံနေပြီး သားသမီး ၅ယောက်ရှိကာ ဖြစ်စဉ်အတွင်းပါနေတဲ့ကလေးဟာ ၂နှစ်အရွယ်ကလေးငယ်ဖြစ်တယ်လို့ သိရပါတယ်။
“ဖြစ်စဉ်မှာပါဝင်တာ ကလေး အဘွားပါ။
သားအမိ မဟုတ်ပါဘူး။ကလေးလေးမိခင်မှာ သားသမီး ငါးယောက်ရှိပြီး အကြီးဆုံးကလေးက သူများမှာ ငါးသောင်းနဲ့ အလုပ်လုပ်ရတာပါ။ ကျန်ကလေး တွေက ကျောင်းဆက်မတက်ပါဘူး။ အခုဖြစ် စဉ်ဖြစ်တဲ့ ကလေးလေးက နှစ်နှစ်ပါ ။ သူမက တောဟင်းရွက်လေးတွေ ရောင်းပါတယ်။ စျေးရောင်းထွက်ရင် ကလေးတွေပဲ ထားခဲ့ရတာမို့ အဘွားက အငယ်ဆုံးကလေးလေးကိုခေါ်ထိမ်းပေးတာပါ။အဘွားကခေါ်ထိမ်းပေးရင်း အခုဖြစ်စဉ်ဖြစ်တာပါ။”လို့ ရွှေမေတ္တာလူမှုကူညီရေးအသင်း တာဝန်ခံ မရွှေလဲ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်မှာမှာ ရေးသားထားပါတယ်။
သူမအနေနဲ့ ကလေးနဲ့အတူမခင်စျေးရောင်းရင် ခေါ်သွားနိုင်ဖို့ စျေးတွန်းလှည်းနဲ့ ဟင်းရွက်လိုက်မခူးရစေဖို့ ကုန်ခြောက်လေးရင်းနှီးမတည်ပေးမှာဖြစ်ပြီး ငွေသားမအပ်ဘဲ စီစဉ်နေပြီဖြစ်တယ်လို့အသိပေးထားပါတယ်။
ဒါဟာ ပရဟိတအသင်းတဖွဲ့ရဲ့ကူညီပေးတာလို့ New Day Myanmar အနေနဲ့နားလည်ရပြီး သရုပ်ဆောင်ခိုင်နှင်းဝေအပါ အခြားသော ပရဟိတတွေကလည်း လှူဒါန်းပေးဖို့ စီစဉ်နေတယ်လို့သိရပေမယ့် လက်ရှိအချိန်အထိတော့ တစုံတရာမကြားသိရသေးပါဘူး။
ဒါအပြင် ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဟာရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက အထည်နှင့် စတိုးဆိုင်တစ်ခုမှာ ပစ္စည်းခိုးယူခဲ့တာဖြစ်ပြီး ဆိုင်ရှင်အမျိုးသမီးကို တိုင်းရဲတပ်ဖွဲ့ကိုယ်တိုင် လာရောက်ဆင်းဖမ်းတယ်လို့ လူမှုကွန်ရက်တွေမှာ မျှဝေနေကြတာတွေ့ရှိရပြီး ကလေးငယ်ကို ကိုယ်ထိ လက်ရောက်ကျုးလွန်တဲ့အတွက် အပြစ်ပေးစေချင်တယ်လို့လည်း ဝေဖန်နေကြပါတယ်။
ဒါ့အပြင် နောက်ပိုင်း ကလေးတွေကိုဗန်းပြပြီး အလားတူဖြစ်စဉ်ပုံစံမျိုးတွေကျူးလွန်လာနိုင်ကြောင်း၊ သူခိုးကို ပြန်ကြောက်နေကြရကြောင်း နဲ့ ခိုးယူတယ်လို့စွပ်စွဲခံရတဲ့ အမျိုးသမီးထက် ကလေးငယ်ကို သနားကြောင်းအမျိုးမျိုး ရေးသားမျှဝေနေကြတာကို တွေ့ရှိရပါတယ်။
ကလေးငယ်ကိုထောက်ရှုပြီး နေရပ်လိပ် စာမပြောကြရန်နဲ့ကလေးငယ်ရဲ့ပုံကို လူမှုကွန်ရက်မှာ ဖြန့်ဝေတာမျိုးတွေမလုပ်ကြဖို့ ပြောဆိုနေတာကိုလည်း New Day Myanmar အနေနဲ့ တွေ့ရှိရပါတယ်။
ဓာတ်ပုံ-ရွှေမေတ္တာလူမှုကူညီရေးအသင်း


