Homeပြည်တွင်းသတင်းလှိုင်သာယာမြို့နယ်မှာ သူခိုးလို့ စွပ်စွဲခံရတဲ့ သားအမိနှစ်ဦးကို ဘဝတသက်တာ လုပ်ကိုင်စားနိုင်ဖို့ လှူဒါန်းမယ့်သူအချို့ ပေါ်ပေါက်လာ

လှိုင်သာယာမြို့နယ်မှာ သူခိုးလို့ စွပ်စွဲခံရတဲ့ သားအမိနှစ်ဦးကို ဘဝတသက်တာ လုပ်ကိုင်စားနိုင်ဖို့ လှူဒါန်းမယ့်သူအချို့ ပေါ်ပေါက်လာ

၂၁ အောက်တိုဘာ ၂၀၂၅

လှိုင်သာယာမြို့နယ်မှာ သူခိုးလို့ စွပ်စွဲခံရတဲ့ သားအမိနှစ်ဦးကို ဘဝတသက်တာ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားနိုင်ဖို့ လှူဒါန်းမယ့်သူအချို့ ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။

အဲဒီ သားမိနှစ်ဦးကို သူခိုးလို့ စွပ်စွဲပြီးပြောဆိုရိုက်နှက်ကာ နေပူထဲက ဓာတ်တိုင်မှာ ကြိုးချည်ထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်မှာပျံနှံ့လာပြီးနောက် ကလေးပေါ် ဂရုဏာသက်ကာ နောင်မခိုးစားဘဲ ကောင်းရောင်းကောင်းဝယ်လုပ် စားနိုင်ဖို့ လှူဒါန်းမယ့်သူအချို့ ပေါ် လာတာဘဲဖြစ်ပါတယ်။

လက်ရှိမှာ အနုပညာနယ်ပယ်က အနု ပညာသမားအချို့နဲ့ အဆက်အသွယ်ရရှိထားပြီလို့သိရဖြစ်ကာ စုပေါင်းလှူဒါန်းမယ့်သူတွေလည်း ရှိလာပြီဖြစ်တယ်လို့ ရန်ကုန်နေသူတဦးဆီကနေ စုံစမ်းသိရှိရပါတယ်။

“အခုတော့ အနုပညာရှင်တချို့နဲ့ အဆက် အသွယ်ရပြီပြောတယ်တဲ့။ စုပေါင်းလှူမယ်သူတွေလည်း ရှိတယ်တဲ့၊ လှိုင်သာ ယာကိုကြီးဆီလည်း ဆက်သွယ်နေကြတယ်”လို့ ဆိုပါတယ်။

လတ်တလောမှာ ရိုက်တဲ့ဆိုင်ရှင်နဲ့ ကြိုးတုတ်သူ လိုင်းပေါ်ရိုက်တင်သူအကုန်လုံးကို တာဝန်ရှိသူတွေစစ်ဆေးဖို့ခေါ်ဆောင် သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး