Homeပြည်တွင်းသတင်း၈ လေးလုံးအရေးတော်ပုံနေ့ ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်

၈ လေးလုံးအရေးတော်ပုံနေ့ ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်

ဩဂုတ် ၂၀၂၅

ဒီနေ့ကျရောက်တဲ့ (၃၇)နှစ်ပြည့် ၈ လေးလုံးအရေးတော်ပုံနေ့မှာ ရန်ကုန်မြို့လယ်ခေါင်နဲ့ စစ်အုပ်ချုပ်ရေးကြေညာခံခဲ့ရတဲ့ မြို့နယ်အချို့မှာ လုံခြုံရေး‌တင်းကြပ်ထားတာတွေရှိနေပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ဒီနေ့မှာ မြောက်ဥက္ကလာ၊ သာကေတ၊ ‌ဒဂုံမြို့သစ်(မြောက်ပိုင်း)နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ပတ်ကင်းတွေ အချိန်ပြည့်လှည့် လည်နေတဲ့အပြင် မမြင်နိုင်တဲ့ ကင်းပုန်းတွေလည်းရှိနိုင်တယ်လို့ ရန်ကုန်ကင်း ထောက်အဖွဲ့က ဆိုပါတယ်။

“ညထဲက ခွေးတွေဟောင်လို့တံခါးဖွင့်ပြီးထကြည့်တာ အုပ်စုလိုက် ဆိုင်ကယ်တွေနဲ့ ဒီမနက် လက်ဖက်ရည်ဆိုင်သွားတော့လည်း လမ်းမှာကားနဲ့ ပတ်နေတာ။အင် အားကတော့သိပ်မပါ ပါဘူး။DC တစ်စီးမှာ နောက်ခန်းသုံးယောက် ရှေ့ခန်း နှစ်ယောက်ပေါ့”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေသူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဒီနေ့မှာ ၈ သင်္ကေတပါတဲ့ ထီးတွေနဲ့ လှုပ်ရှားမှုလုပ်ဆောင်ဖို့၊ စုရပ်တွေကို ချီတက်တာ၊ အင်္ကျီတွေ ပေါ်မှာ ၈ သင်္ကေတကို ရေးဆွဲပါဝင်တာနဲ့ ၈ သင်္ကေတပါဝင်တဲ့ လှုပ်ရှားမှုအားလုံးအကျုံးဝင်တယ်လို့ ရန်ကုန်လူထုသပိတ်ကလည်း ဆိုထားပါတယ်။

ဒီသပိတ်ကို သြဂုတ် ၈ ရက်မတိုင်ခင် ကတည်းက ရန်ကုန်လူထုသပိတ်ကနေ ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီး သပိတ်လှုပ်ရှားတာလုပ်ဖို့ လှုံ့ဆော်ထားပါတယ်။

(၃၇)နှစ်ပြည့် ၈လေးလုံးအရေးတေယ်ပုံနေ့ကို ဂျပန်၊ တောင်ကိုးရီးယား၊ သြစတြေးလျ၊ အမေရိကန်၊ ပြင်သစ်စတဲ့ နိုင်ငံတွေကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက လုပ်ဆောင်ခဲ့ပါတယ်။

ဒါအပြင် ရန်ကုန်မြို့က အမေရိကန်သံရုံး၊ ယူကေသံရုံးနဲ့ ဆွီဒင်သံရုံးတို့ကလည်း ဂုဏ်ပြုသဝဏ်လွှာတွေ ထုတ်ပြန်ခဲ့ကြပါတယ်။

အမေရိကန်သံရုံးက၁၉၈၈ ခုနှစ်၊ သြဂုတ် ၈ ရက် အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ လူသန်းပေါင်းများစွာရဲ့ ရဲစွမ်းသတ္တိတွေက ၃၇ နှစ်ကြာတဲ့တိုင်အောင် ဆက်လက်ပြီး ‌ရှေ့ဆောင်လမ်းပြနေတယ်လို့ အမေရိကန်သံရုံးရဲ့ သဝဏ်လွှာမှာရေးသားဖော်ပြထားပါတယ်။

ပုံစာ-တောင်ကိုရီးယားနိုင်ငံရောက် စစ်အာ ဏာရှင် ဆန့်ကျင်​ရေးလှုပ်ရှားမှုမြင်ကွင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး