၁၁ မတ်၊ ၂၀၂၅
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့ ၀ရမ်းနဲ့ မတ်လ ၁၁ ရက်က မနီလာလေဆိပ်မှာ ဟောင်ကောင်ကနေ မနီလာကို ပြန်အရောက် လေဆိပ်မှာပဲ မနီလာရဲတွေကဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။
သူရဲ့ သမ္မတလက်ထက်က မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖြိုခွင်းရာမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် ICC က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လိို့ သိရပါတယ်။
နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက သူ့ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဆိုင်ရာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။
“လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ဖို့ အစိုးရရှေ့နေချုပ်က ICC ကို အကြောင်းကြားခဲ့ပါတယ်” လို့ ဖိလစ်ပိုင် အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။