Homeပြည်တွင်းသတင်းအင်းစိန်ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေကို အကြမ်းဖက်မှု ကျူးလွန်

အင်းစိန်ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေကို အကြမ်းဖက်မှု ကျူးလွန်

၂၅ ဇူလိုင်၊ ၂၀၂၄

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေအပေါ် အကြမ်း ဖက်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ဒီနေ့ ဇူလိုင် ၂၄ ရက်နေ့စွဲနဲ့ သတင်း ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၀ ရက် ညဘက်အိပ်ဆောင်ချချိန်မှာ နိုင်ငံရေးအကျဉ်းသူသူငယ်ချင်းတစ်ဦးဆီကို သွားရောက်တဲ့ နိုင်ငံရေးအကျဉ်းသူနှစ်ဦးကို တိုက်အာဏာပိုင်တွေကတိုက်ပိတ်ထားခဲ့ပါတယ်။

တိုက်ပိတ်ခံရတဲ့ နှစ်ဦးထဲက တစ်ဦးမှာ ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်ပါတယ်။ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူနှစ်ဦးထဲက တစ်ဦးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ပြင်းပြင်းထန်ထန်ခံစား နေရတဲ့အတွက် တိုက်ထဲမှ ထုတ်ပေးရန် မကျ (၁)နှင့် မကျ (၂)ဆောင်တွေက နိုင်ငံရေးအကျဉ်းသူတွေက ဝိုင်းပြီး အော်ဟစ်ကာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဝိုင်းအော်တဲ့အတွက် အင်းစိန်ထောင်က နှစ်ပွင့် အရာရှိ ဒေါ်သဲဇာခြည်ဝင်းက အမျိုးသားထောင်ဝါဒါတွေကို ခေါ်ပြီး နံပါတ်တုတ်များ၊ ကျဉ်စက်များနဲ့ ဝိုင်းရိုက်ကာ အကြမ်းဖက်မှုကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၁ရက်မှာ တစ်ပွင့်အရာရှိတွေဖြစ်တဲ့ ဒေါ်အိဇာနည်ခိုင်၊ ဒေါ်သက်သက်ဇင်၊ ဒေါ်မြမြခိုင်တို့နဲ့အတူ တစ်ရစ်၊ နှစ်ရစ် အရာရှိတွေ ၊ အမျိုးသားထောင်ဝါဒါတွေနဲ့ အကြမ်းဖက်မှုတွေကို ဆက်ပြီး ကျူးလွန်ခဲ့ကြ ပါတယ်။

ဒီလိုအကြမ်းဖက်မှုတွေကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျဉ်း သူရဲ့အခြေအနေမှာ စိုးရိမ်ရတဲ့အနေအထားကို ရောက်ရှိနေတယ်လို့ ဖော်ပြပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်မှာ အမျိုးသမီးဦးစီးမှူးမရှိဘဲ ဦးစီးမှူးကိုယ်စား နှစ်ပွင့်အရာရှိ ဒေါ်သဲဇာခြည်ဝင်း ကို နိုင်ငံရေးအကျဉ်းသူတွေအပေါ်အကြမ်းဖက် အုပ်ချုပ်ရန်ပြီး ထောင်တွင်းဆူပူအုံကြွမှုတွေကို ထိန်းသိမ်း ဖို့ ရည်ရွယ်ချက်ရှိရှိ တာဝန်ပေးအုပ်ချုပ်စေတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး နိုင်ငံရေးအကျဉ်းသူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စစ်တပ်လက်အောက်ခံ ထောင်အာဏာပိုင်များက လူ့အခွင့်အရေးချိုးဖောက်နေမှုတွေ ကျူးလွန်နေတဲ့အပေါ် နိုင်ငံရေးအကျဉ်းသူများအဖွဲ့အနေနဲ့ စုံစမ်းဖော်ထု တ်သွားမှာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသူတွေအတွက် တရားမျှတမှုရရှိစေဖို့ ဝိုင်းအကူအညီပေးကြဖို့ ထုတ်ပြန် စာထဲမှာ အသိပေးဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read