Homeပြည်တွင်းသတင်းမြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ မလေးရှားနိုင်ငံသားတွေပါဝင်ပတ်သက်နေ

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ မလေးရှားနိုင်ငံသားတွေပါဝင်ပတ်သက်နေ

၂၃ ဇူလိုင်၊ ၂၀၂၄

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ မလေးရှားနိုင်ငံသား အထက်တန်းလွှာနဲ့ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေမှုကို Justice Form Myanmar က ဖော်ထုတ်လိုက်ပြီးစုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က Dongmei Park လုပ်ငန်းမှာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံး ဒု၀န်ကြီးဟောင်း Dr. Mashitah Ibrahim၊ သူမရဲ့ ခင်ပွန်း Abdul Shakor bin Abu Bakar နဲ့ 14K ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်ဟောင်း Wan Kuok-koi (သွားကျိုးလို့ လူသိများသူ) တို့ဟာ စီးပွားရေးမိတ်ဖက်တွေအဖြစ် ပူးတွဲလုပ်ဆောင်ကြပါတယ်။

Dr. Mashitah Ibrahim ဟာ United Malays National Organization အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အတိုက်အခံ ပါတီဝင်တစ်ဦးလည်းဖြစ်ကာ ရာဇဝတ်မှုဆိုင်ရာ ဆက်နွှယ်ပတ်သက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုကို ခံရမယ့်အစား မလေးရှားထိပ်ပိုင်းနိုင်ငံရေးသမားတွေ၊ ရဲအရာရှိတွေနဲ့ ဆက်ဆံမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Dongmei Park ကို Mashitah Ibrahim၊ Abdul Shakor အပါအဝင် တခြားမလေးရှားစီးပွားရေးသမားတွေနဲ့အတူ Wan Kuok-koi က တည်ထောင်ခဲ့ကာ Abdul Shakor က ဒါရိုက်တာအဖြစ် ပါဝင်နေတဲ့ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ Dongmei Group ကုမ္ပဏီ ဟာ မလေးရှားနိုင်ငံမှာ လုပ်ငန်းလည်ပတ်နေပါတယ်။

မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းကို ရင်းနှီးမြှုပ်နှံဖို့အတွက် မလေးရှားနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေဆီက ဘဏ္ဍာငွေတွေ ရှာဖွေပေးပြီး ဒီကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ Deduktif အစီရင်ခံစာမှာ Mashitah Ibrahim ၊ Abdul Shakor တို့မိသားစုနဲ့ မြန်မာသူဌေးကြီးတွေအကြား ခရစ်တိုငွေကြေးပေးချေမှုတွေကို ဖော်ထုတ်ထားပါတယ်။

Mashitah Ibrahim နဲ့ Abudl Shakor တို့ရဲ့ သားဖြစ်သူ Muhammad Wafi ဟာ ခရစ်တိုငွေကြေးလုပ်ငန်း Meta X DAO မိတ်ဆက်ဖွင့်လှစ်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။

Meta X Dao မှာ အစောဆုံးရင်းနှီးမြှုပ်နှံထားပြီး Dongmei Park တည်ထောင်ရာမှာ ပါဝင်ကူညီခဲ့တဲ့ Dato Sri Liong Kee Huat လည်း ဒီပွဲကို တက်ရောက်ခဲ့ပါတယ်။ Mashitah Ibrahim ရဲ့ သားဖြစ်သူ Wafi ဟာ မြဝတီခရီးစဉ်ကိုလိုက်ပါလာပြီး မြန်မာသူဌေးကြီးတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ အဆိုပါ အစီရင်ခံစာမှာ ပါဝင်ပါတယ်။

ဆက်စပ် သတင်းများ

Most read