Homeပြည်တွင်းသတင်းနွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့လူငယ်တွေကိုဂုဏ်ပြုဦးညွှတ်ကြောင်း NUG ထုတ်ပြန်

နွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့လူငယ်တွေကိုဂုဏ်ပြုဦးညွှတ်ကြောင်း NUG ထုတ်ပြန်

၁၄ ဩဂုတ်၊ ၂၀၂၄

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့မှာ မြန်မာနိုင်ငံရဲ့လူငယ်များက အာဏာစစ်အုပ်စုကို ပင်ပန်းဆင်းရဲကြီးစွာ တိုက်ပွဲဝင်နေကြတဲ့အပေါ် လေးစားအသိအမှတ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်မှာကျရောက်တဲ့အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ဂုဏ်ပြုသဝဏ်လွှာမှာ အခုလိုထည့်သွင်းပြောကြားထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့အနာဂတ်ဟာလူငယ်တွေရဲ့လက်ထဲမှာရှိနေပြီး ယနေ့ဆင်နွှဲနေကြတဲ့နွေဦးတော်လှန်ရေးမှာ ကိုယ်ကျိုးစီးပွားနဲ့အသက်ကို ပဓာနမထားဘဲ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံက နိုင်ရာတာဝန်တွေကို တက်ကြွစွာ ပါဝင်ထမ်းဆောင်နေကြတဲ့ လူငယ်အားလုံးကို ဂုဏ်ပြုဦးညွှတ်အပ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင်နွေဦးတော်လှန်ရေးအတွင်းကျဆုံးသွားကြတဲ့လူငယ်လူရွယ်တွေရဲ့စွန့်လွတ်အနစ်နာခံမှုတွေကိုလည်း အောက်မေ့သတိရဂုဏ်ပြုပါကြောင်း အလေးအနက် ဖော်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နွေဦးတော်လှန်ရေးအတွင်းသာမက နွေဦးတော်လှန်ရေးအလွန်ကာလတွေမှာလည်း လူငယ်တွေအတွက်ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း တစ်ခုပေါ်ပေါက်လာစေရေးအတွက် လူငယ်တွေနဲ့အတူ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။

ဆက်စပ် သတင်းများ

Most read