Homeပြည်တွင်းသတင်းထောင်တွင်းမုဒိမ်းမှု အရေးမယူဘဲ ဖုံးကွယ်ထားတာကို နိုင်ကျဉ်းဟောင်းတွေ ကန့်ကွက်

ထောင်တွင်းမုဒိမ်းမှု အရေးမယူဘဲ ဖုံးကွယ်ထားတာကို နိုင်ကျဉ်းဟောင်းတွေ ကန့်ကွက်

၁၀ စက်တင်ဘာ၊၂၀၂၄

အင်းစိန်အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း မုဒိမ်းမှုကိုအရေးမယူဘဲ ထောင်အာဏာပိုင်တွေက သတင်းဖုံးထားတဲ့အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကန့်ကွက်ဆန္ဒပြတယ်လို့ သိရပါတယ်။

မုဒိမ်းမှုနဲ့ အကျဉ်းကျနေတဲ့ ဇင်မျိုးကို (ခ) မျိုးကြီး ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၀) ရက်နေ့က နိုင်ငံရေး ကျဉ်းသား တစ်ယောက်အပေါ် အဓမ္မပြု(မုဒိမ်း) ကျင့်ခဲ့တာဖြစ်ပြီး အဲ့ဒီဖြစ်စဉ်ကို အင်းစိန်ထောင် အာဏာပိုင်တွေက သတင်း ဖုံးထားလို့ အခုလို ကန့်ကွက်ဆန္ဒပြကြတာဖြစ်တယ်လို့လည်းသိရပါတယ်။

မုဒိမ်းမှု ကျုးလွန်သူဟာ ထောင်အာဏာပိုင်တွေက အကျဉ်းသားအချင်းချင်းအုပ်ချုပ်ဖို့ ခန့်ထားသူ ဖြစ်ပြီးသူ့ရဲ့အထက်လူကြီး ဟာဆိုရင် အင်းစိန်ထောင်ပိုင် ရဲ့ တပည့်အရင်း ဖြစ်တယ်လို့ PPNM က ဆိုထားပါတယ်။

ဒီဖြစ်စဉ်ကို ထောင်အာဏာပိုင်တွေက သတင်းဖုံးထားတာကြောင့် ဒီလုပ်ရပ်ဟာ ကျုးလွန်သူကိုအကာ အကွယ် ပေးနေတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထောက်ပြပါတယ်။

ကျုးလွန်သူကို ရာဇဝတ်ကြောင်းအရရော ၊ အကျဉ်းထောင် ဥပဒေအရ ပါ အရေးယူရမယ်လို့ နိုင်ငံရေးအကျဉ်း သားဟောင်းတွေက စက်တင်ဘာလ ၉ ရက်က မနေ့က လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာကို PPNM က ဖော်ပြလာ ပါတယ်။

ပုံစာ-( နိုင်ငံရေးအကျဉ်း သားဟောင်းတွေက စက်တင်ဘာလ ၉ ရက်က ကန့်ကွက်ဆန္ဒပြနေပုံ)
Photo – PPNM

ဆက်စပ် သတင်းများ

Most read