Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် ရုရှားက ပြန်လာပြီးနောက် မြန်မာနိုင်ငံကို တရုတ်အထူးကိုယ်စားလှယ် ရောက်လာ

စစ်ခေါင်းဆောင် ရုရှားက ပြန်လာပြီးနောက် မြန်မာနိုင်ငံကို တရုတ်အထူးကိုယ်စားလှယ် ရောက်လာ

၁၁ မတ်၊ ၂၀၂၅

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အဖွဲ့ ရုရှားနဲ့ဘယ်လာရုစ် နိုင်ငံကို သွားရောက်လို့ ပြန်ရောက်ပြီး စမှာပဲ မြန်မာနိုင်ငံကို တရုတ်အထူးကိုယ်စားလှယ်တိန့်ရှီကျွင်း ရောက်ရှိလာပါတယ်။

စစ်ကောင်စီက ရုရှားနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် နူကလီးဓါတ်ပေါင်းဖို့ တည်ဆောက်ဖို့ စီမံကိန်းတခုလည်း လက်မှတ်ရေးထိုးထားပါတယ်။ အဲ့ဒီခရီးစဉ်အပြီးမှာပဲ တရုတ်ကိုယ်စားလှယ်ရောက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ်တိန့်ရှီကျွင်းဟာ မတ်လ ၁၀ ရက်နေ့က ရောက်ရှိလာပြီး နေပြည်တော်မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနဲ့တွေ့ ဆုံဆွေးနွေးခဲ့တယ်လို့ သံတမန်အသိုင်းအဝိုင်းက သိရပါတယ်။

အဲ့လိုတွေ့ဆုံရာမှာ တရုတ်အထူးကိုယ်စားလှယ်က မြန် မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပိုမိုမြှင့်တင်ဖို့နဲ့ မြန်မာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပေမယ့် အသေးစိတ်ကိုတော့ မသိရပါဘူး။

အာရှရေးရာတရုတ်အထူးကိုယ်စားလှယ်တိန့်ရှီကျွင်းဟာ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၂ခုနှစ်ဒီဇင်ဘာလ ၂၉ ရက်က စတင်ခန့်အပ်ခံရပြီးနောက်ပိုင်းမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ တိုင်းရင်းသားလက်နက်ကိုင် အချို့နဲ့ ၁၆ ကြိမ်ထက်မနည်းတွေ့ဆုံခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read