Homeပြည်တွင်းသတင်းစစ်ကောင်စီက ၁၅ ရက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၃၅၂ ကြိမ်ကျူးလွန်ခဲ့

စစ်ကောင်စီက ၁၅ ရက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၃၅၂ ကြိမ်ကျူးလွန်ခဲ့

၁၈ ဇူလိုင်၊ ၂၀၂၄

စစ်ကောင်စီဟာ ဇူလိုင်လ ၁ ရက်ကနေ ၁၅ ရက်အတွင်း နိုင်ငံတဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ပေါင်း ၃၅၂ ကြိမ်ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၈ ရက်က ထုတ်ပြန်တဲ့ ဒီထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီအနေနဲ့ တရားလက်မဲ့ သတ်ဖြတ်မှု ၉၂ မှုရှိခဲ့ပြီး အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကျူးလွန်မှုတွေထဲမှာ တရားလက်လွတ်သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ အတင်းအဓ္ဓမရွေ့ပြောင်းစေတာ၊ နေအိမ်တွေ မီးရှို့ဖျက်စီးတာ၊ အဓ္ဓမလုပ်အားပေးခိုင်းစေတာ၊ လွတ်လပ်စွာသွားလာခွင့်မပေးတာ၊ ဘာသာရေးအဆောက်အအုံတွေကို ဖျက်စီးတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တာ၊ ညှင်းပမ်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဖြတ်တောက်တာ၊ ကလေးစစ်သားစုဆောင်းတာ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်တာနဲ့ မမျှတစွာ တရားစီရင်တာတွေပါ ပါတယ်။

အဲ့ဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီက ပဲခူးတိုင်းထဲမှာ အများဆုံးကျူးလွန်ခဲ့ပြီး၊ ရခိုင်ပြည်နယ် မှာ ဒုတိယအများဆုံး၊ ရှမ်းပြည်နယ်မှာ တတိယအများဆုံးနဲ့ မန္တလေးတိုင်းမှာ စတ္တုထ အများဆုံးကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီးဌာရဲ့ စာရင်းအရ အခု ၂၀၂၄ ခုနှစ်စပိုင်းဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း နိုင်ငံတစ်ဝန်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ် ၆၇ ခုရှိခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read