Homeပြည်တွင်းသတင်းTNLA က ၎င်းထိန်းချုပ်ထားတဲ့ မြို့နယ် ၁၂ ခုမှာ တရားစီရင်ရေးဆောင်ရွက်ဖို့ မြို့နယ် မှ ဗဟိုအဆင့်အထိ တရားသူကြီးနဲ့ ရှေ့နေ...

TNLA က ၎င်းထိန်းချုပ်ထားတဲ့ မြို့နယ် ၁၂ ခုမှာ တရားစီရင်ရေးဆောင်ရွက်ဖို့ မြို့နယ် မှ ဗဟိုအဆင့်အထိ တရားသူကြီးနဲ့ ရှေ့နေ စုစုပေါင်း ၂၂ ဦး ခန့်အပ်

၁၂ ဩဂုတ်၊၂၀၂၄

ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းအတွင်းက တအာင်းတပ်မတော် TNLA က ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၂ ခုမှာ တရားစီရင်ရေးလုပ်ငန်းတွေ ဆောင် ရွက်နိုင်ဖို့ ဗဟိုတရား သူကြီး၊ ခရိုင်တရားသူကြီး၊ မြို့နယ်တရား သူကြီး တွေနဲ့ ရှေ့နေ (၂၂) ဦးကို ရာထူးနဲ့တာဝန်တွေ အပ်နှင်းလိုက်တယ်လို့ TNLA ကသတင်းထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၁နဲ့ ၂ အတွင်း TNLA က သိမ်းပိုက်ထားတဲ့ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့ နယ်၊ မိုးမိတ်မြို့နယ်နဲ့ သီပေါမြို့နယ် စုစုပေါင်း မြို့နယ် ၁၂ ခုမှာ ဩဂုတ်လ ၁၁ ရက်နေ့က တရားရေးအရာရှိ တွေကို ခန့်အပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တအာင်းပြည်အတွင်း တရားစီရင်ရေးစနစ် အားကောင်းစေဖို့ ၊ တရား ဥပဒေစိုးမိုးရေးနဲ့ တရားမျှတရေး ဆောင် ရွက်နိုင်ဖို့ ရည်ရွယ်ပြီး တအာင်းပြည် ဗဟိုတရားသူကြီး ၃ ဦး၊ ခရိုင်တရားသူကြီး ၄ ဦး၊ မြို့နယ်တရားသူကြီး ၈ ဦးနဲ့ ဥပဒေရှေ့နေ ၇ ဦး အသီးသီးတို့ထံ PSLF/TNLA ဗဟိုအလုပ် အမှု ဆောင်ကော်မတီမှ အမိန့်စာ ထုတ်ပြန်ပြီး အလုပ်ခန့်အပ်လွှာ အပ်နှင်းခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါလုပ်ငန်းတာဝန် ပေးအပ်ပွဲကို ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဉီး TNLA အထွေထွေအတွင်း ရေးမှူး ဗိုလ် ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဂျား၊ ဗဟိုအထွေ ထွေအုပ်ချုပ်ရေးဌာနမှ ဒု-ဌာနမှူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်၊ တအာင်းပြည် ဗဟိုတရား သူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရား သူကြီးတွေနဲ့ ဥပဒေရှေ့နေ စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Photo- PSLF/TNLA

ဆက်စပ် သတင်းများ

Most read