Homeပြည်တွင်းသတင်းနယ်စပ်ဂိတ်တွေကို တရုတ်ပိတ်သိမ်းခြင်းက ကချင်ပြည်နယ်မှာ ကုန်ဈေးနှုန်းတွေ တက်လာ

နယ်စပ်ဂိတ်တွေကို တရုတ်ပိတ်သိမ်းခြင်းက ကချင်ပြည်နယ်မှာ ကုန်ဈေးနှုန်းတွေ တက်လာ

စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ (၁) နယ်ခြားစောင့်တပ် ဌာနချုပ် ပန်ဝါမြို့ (Pangwa ginjaw) ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်က လုံးဝ ထိန်းချုပ်လိုက်ပြီးနောက်မှာ တရုတ်က ကန်ပိုက်တည်၊ ပန်ဝါ၊ လွယ်ဂျယ်၊ လိုင်ဇာ နယ်စပ်ဂိတ်တွေကို ပိတ်ထားလိုက်ပါတယ်။

တရုတ်နိုင်ငံအစိုးရက တိုက်ပွဲတွေကြောင့် ဒေသ မတည်ငြိမ်တာကို အကြောင်းပြထားပေမယ့် ကုန်စည်စီး ဆင်းမှု ပြတ်တောက်ပြီး ကချင်ပြည်နယ်အတွင်းမှာ စက်သုံးဆီ၊ စားသောက်ကုန်ကအစ ရှားပါးလာပြီး ကုန်ဈေး နှုန်းတွေ မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


လိုင်ဇာနယ်စပ် ကန်ပိုင်တည်ထိ တရုတ်ဘက်က အကုန်လုံး ပိတ်ထားတဲ့အတွက် အဓိကက ကန်ပိုင်တည်လမ်း ကနေ စက်သုံးဆီ တင်သွင်းနေတဲ့လမ်းကြောင်းကို ထိခိုက်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ကချင်ပြည်နယ် အရှေ့ခြမ်းကို ဗန်းမော်နဲ့ ဝိုင်းမော်ကလွဲရင် အရှေ့ခြမ်းတစ်ခုလုံးနီးပါးကို KIA တပ်က သိမ်းယူ ထားတဲ့ အတွက် စစ်တပ်က ဗလမင်းထင်တံတားကို ပိတ်ထားတဲ့အပြင် တခြားလမ်းတွေကို ပိတ်ဆို့တာ ၊ ဖြိုချ တာမျိုးတွေ လုပ်နေပါတယ်။

ကချင်ပြည်နယ်ကို မန္တလေးဘက်က ကုန်တင်ကားတွေ ပေးမတက်တာ လချီကြာမြင့်နေပြီး တရုတ်ဘက်ကနေ ကြက်သွန်၊ အာလူး၊ မုန့်၊ အချိုရည်၊ စားသုံးဆီ၊ စီးကရက်ကအစ တင်သွင်းနေရကြောင်း ၊ တရုတ်နယ်စပ်ဂိတ် တွေ ပိတ်လိုက်တဲ့အတွက် စားသောက်ကုန် လူသုံးကုန်တွေပါ ရှားပါးလာနိုင်တယ်လို့ ဆိုပါတယ်။

“တရုတ်ကအခုဆိုရင် ပန်ဝါကိုသိမ်းပြီးတဲ့နောက် လိုင်ဇာ နယ်စပ်ဂိတ်၊ကန်ပိုက်တီး နပ်စပ်ဂိတ် ဗန်းမော်၊ လွယ်ဂျယ် တစ်လျှောက်က နယ်စပ်ဂိတ်တွေ အကုန်လုံးပိတ်လိုက်တော့ ကချင်ပြည်နယ်မှာ ဘာတွေခက်ခဲသွားလည်းဆိုရင် အဓိက က ကန်ပိုက်တီးက နေ ဆီဝင်နေတာ၊သီလဝါကနေ ဓာတ်ဆီ ၊ဒီဇယ်က မဝင်ဘူး အခုကန်ပိုက်တီးက ဆီမဝင်တော့ ဆီစျေးတွေတက်တယ် မန္တလေးနဲ့ မြစ်ကြီးနားလမ်း ပိတ်ထားတော့ ဘိလပ်မြေ၊သံ စတဲ့ အိမ်တောက်ပစ္စည်းတွေနဲ့ သား၊ငါး စားသောက်ကုန်ကအစ စျေးတက်တယ်။”လို့ ဗန်းမော် ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိတဲ့ မြစ်ကြီးနားမြို့နဲ့ အရှေ့ဘက်ခြမ်းက ဝိုင်းမော်မြို့တောင် စက်သုံးဆီ ဈေးတွေ မတူဘူးလို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ လက်ရှိ ဓာတ်ဆီ တပေပါကို ၁၃ သိန်း ၊ ၁၄ သိန်းသာ ပေါက် ပေမယ့် ဝိုင်းမော်မြို့ကနေ လိုင်ဇာအထိ ရွာတွေမှာ သိန်း ၂၀နဲ့ ၂၅ သိန်းကြား ပေါက်တယ်လို့သိရပါတယ်။

အောက်တိုဘာ ၁၈ ရက်က KIA ပူးပေါင်းတပ်တွေ ပန်ဝါမြို့ထဲဝင်လာပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူက သတင်းဌာနတွေကို အတည်ပြု ပြောဆိုပါတယ်။

“အဓိက ကတော့ ဧရာဝတီအရှေ့ခြမ်းက ရွာတွေ အခြေအနေအတော်ဆိုးနေတယ် KIA ကလည်း မြစ်ကြီးနားဘက်ဖြစ်တဲ့ ဧရာဝတီ အနောက်ဘက်ခြမ်းကိုသာ သိမ်းယူနိုင်ပြီး အရှေ့အခြမ်းက ဝိုင်းမော်နဲ့ ဗန်းမော်မြို့တွေကိုပဲ သိမ်းယူနိုင်သေးလို့ ပါ။” လို့ ဗန်းမော် ဒေသခံတစ်ဦးကပြောပါတယ်။

ဆက်စပ် သတင်းများ

Most read