၁၈ မတ်၊၂၀၂၅
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ စစ်ရုံးအနီးကို မတ်လ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်း တွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။
(KNU) ရဲ့ စစ်ရုံးအနီးကို အသေခံဒရုန်းသုံးစင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် စောဂျော်နီရဲ့ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့တာလို့လည်း သိရပါတယ်။
စစ်ကောင်စီက ဒီလိုတိုက်ခိုက်တာဟာ ယခုအကြိမ်နဲ့ဆို သုံးကြိမ်မြောက်ဖြစ်တယ်လို့ သိရပြီး လက်ရှိတိုက် ခိုက်မှုတွင် လည်း စစ်ကောင်စီက အသေခံဒရုန်းတွေကို ဆယ်မိနစ်ခြားတစ်စီးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးကြောင်းနဲ့ ဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိပေမယ့် အဆောက်အဦးနှစ်ခု အနည်းငယ်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်း အရင်း မြစ်တွေဆီက သိရပါတယ်။
KNU ဌာနချုပ်နယ်မြေကို စစ်ကောင်စီတပ်က အသေခံဒရုန်းတွေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။
Photo – KNU