Homeပြည်တွင်းသတင်းKNUဒုဥက္ကဋ္ဌဟောင်းကွယ်လွန်မှု TNLA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

KNUဒုဥက္ကဋ္ဌဟောင်းကွယ်လွန်မှု TNLA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

၂၆ ဇူလိုင်၊၂၀၂၃

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ပဒိုနောင်စီဖိုးရာစိန် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က သဝဏ်လွှာပေးပို့တယ်လို့ သိရပါတယ်။

KNUရဲ့ ခေါင်းဆောင်ကောင်း၊ ကရင်လူမျိုးတို့ရဲ့ စံပြခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်ခြင်းအပေါ် ကရင်လူမျိုး၊ KNU အဖွဲ့အစည်းအပါအဝင် မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းညိုးငယ်ရတယ်လို့ TNLAရဲ့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။

ကရင်အမျိုးသမီးအရေး၊ ကရင်လူမျိုးအရေးတို့အပြင် မြန်မာပြည် အမျိုးသမီးအရေး၊ မြန်မာတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအရေးကို KNU ဒုဥက္ကဋ္ဌ နဲ့ အထွေထွေ အတွင်းရေးမှူးဆိုတဲ့ မြင့်မားတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ပဒိုနော်စီဖိုးရာစိန်ရဲ့ ခေါင်းဆောင်မှုကို အမြဲ အောက်မေ့သတိရ နေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာရှင် အပြီးတိုင်ချေမှုန်းရှင်းလင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို အားလုံးအတူတကွ ကြိုးပမ်းတည်ဆောက်နေဆဲ ကာလမှာ ရပ်တည်ချက် ခိုင်မာ ပြတ်သားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဆုံးရှုံးရတာက ဖော်ပြလို့မရနိုင်တဲ့ ဆုံးရှုံးမှု ကြီးတစ်ရပ်ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

ပဒိုနော်စီဖိုးရာစိန်ဟာ၂၀၀၈ မှ ၂၀၁၂အထိ KNU အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၂မှ ၂၀၁၇အထိ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

သူကွယ်လွန်ချိန်မှာ အသက် (၆၉)နှစ်အရွယ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၄ရက်နေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

Photo-PSLF/ TNLA

ဆက်စပ် သတင်းများ

Most read