Homeပြည်တွင်းသတင်းICC တရားရုံးက စစ်ခေါင်းဆောင်ကို ဖမ်းဆီးရန် ဝရမ်းအမြန်ထုတ်ပေးဖို့ ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

ICC တရားရုံးက စစ်ခေါင်းဆောင်ကို ဖမ်းဆီးရန် ဝရမ်းအမြန်ထုတ်ပေးဖို့ ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

၂၆ ဇွန် ၂၀၂၅

ICC တရားရုံးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်း ဆီးရန် ဝရမ်းအမြန်ထုတ်ပေးဖို့ သံအ မတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံမှာ တောင်းဆိုလိုက်တယ်လို့သိရပါတယ်။

ဇွန်၂၅ ရက်က နယူးယောက်မြို့၊ ကုလ သမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ “ကာကွယ်မှုပေးရန်တာဝန်ရှိမှု၊ လူမျိုး သုဉ်းသတ် ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုများ ကာကွယ်တားဆီးရေး နှစ်(၂၀) ပြည့် အအထိမ်းအမှတ် အစည်းအဝေးမှာ တောင်းဆို လိုက်တာဖြစ်ပါတယ်။

အဲ့ဒီအစည်းအဝေးအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဆိုးရွားလျက်ရှိသလို နိုင်ငံရဲ့ ၃ ဒဿမ ၅ သန်းကျော်ဟာ နေရပ်စွန့်ခွာနေရပြီး သန်း၂၀ကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူ အညီတွေ အရေးပေါ်လိုအပ်နေတယ်ဆိုတဲ့အချက်တွေအပါအဝင် နိုင်းငံအတွင်းဖြစ်ပျက်နေတဲ့ အခြားဖြစ်စဉ် တွေကိုလည်း အကျယ်တဝံ့ လို့ တိုက်တွန်းပြော ဆိုထားပါတယ်။

ဒါ့ကြောင့်၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးမှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ R2P စည်းမျဉ်းအရ ပြည်သူ လူထုကို လူမျိုးသုဉ်းသတ်ဖြတ်တာတွေ၊ စစ်ရာဇဘဝတ်မှုတွေ၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်း နေတာ တွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူး လွန်တဲ့ရာဇဝတ်မှုတွေကို ကျူးလွန်ခံရခြင်းဟာ နိုင်ငံတိုင်းတွင် တာဝန်ရှိတယ်လို့ အလေးထားဖော်ပြထားတာနဲ့အညီ ကာကွယ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖနဲ့ လည်း တုံ့ဆိုင်းမနေဘဲ စုပေါင်း အရေး ယူဆောင်ရွက်တာတွေချမှတ်ရမှာဖြစ်တဲ့အပြင် အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်တွေ ရှိထားပြီဖြစ်တဲ့အတွက် ပြတ်ပြတ်သားသားလုပ်ဆောင်သွားရမယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ – Crd

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး