Homeနိုင်ငံတကာသတင်းCrowdstrike Software Update လုပ်ရာက Microsoft နဲ့ ချိတ်ဆက်ထားသမျှ ကမ္ဘာတဝန်းက လေကြောင်းလိုင်း ၊ ရထားလိုင်းတွေ အကုန်...

Crowdstrike Software Update လုပ်ရာက Microsoft နဲ့ ချိတ်ဆက်ထားသမျှ ကမ္ဘာတဝန်းက လေကြောင်းလိုင်း ၊ ရထားလိုင်းတွေ အကုန် ရပ်နားလိုက်ရ

၁၉ ဇူလိုင်၊ ၂၀၂၄

ကမ္ဘာလုံးဆိုင်ရာ IT ပြဿနာတစ်ခု ဖြစ်ပေါ်နေတဲ့အတွက် အမေရိကန်၊စင်ကာပူ၊ ဩစတြေးလျ ၊ စပိန် ၊ အိုင်ယာလန် ၊ ယူအေအီး ၊ အိန္ဒိယအပါအဝင် လေကြောင်းလိုင်းအတော်များများက လေယာဉ်တွေ မြေပြင်ကို အရေးပေါ် ဆင်းသက်နေရတယ်လို့ သိရပါတယ်။ ဂျာမနီမှာ ဘာလင်လေဆိပ်ကို ပိတ်ထားပြီး လေကြောင်းခရီးစဉ်အကုန် ရပ်နားလိုက်ပြီဖြစ်ပါတယ်။

ဗြိတိန်မှာလည်း လေယာဉ်တွေ မြေပြင်ကို ပြန်လည်ဆင်းသက်နေရတဲ့အပြင် ရထားခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တဲ့အတွက် ခရီးသည်တွေ ရာနဲ့ချီပြီး ဘူတာတွေမှာ ပိတ်မိနေကြပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ ဆေးရုံတစ်ချို့နဲ့ဆေးကုသစင်တာတွေမှာ ဆေးကုပေးခြင်းတွေနဲ့ ဆေးစစ်မှုတွေကို အရေးပေါ် ဖျက်သိမ်းလိုက်တယ်လို့ ကြေညာထားပါတယ်။

Sky News ရုပ်သံလိုင်းအပါအဝင် နေရာတော်တော်များများက ထုတ်လွှင့်မှုတွေလည်း ပြတ်တောက်နေပြီး အမေရိကန်ပြည်ထောင်စုမှာ 911 ဖုန်းကို ခေါ်လို့မရတဲ့ပြည်နယ် အနည်းဆုံး ၆ခု ရှိနေပြီလို့ သိရပါတယ်။

တချို့နိုင်ငံတွေမှာ Banks များ၊ Radio ထုတ်လွှင့်မှုများ၊ ဖုန်းလိုင်းများ နဲ့ Supermarketsတွေက ငွေပေးချေစနစ်များပါ Offline ဖြစ်နေတယ်လို့ သိရှိရပါတယ်။ အိုင်ယာလန်မှာလည်း ဖုန်းလိုင်းနဲ့ ရုပ်သံလိုင်းတချို့ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

Microsoft Window System နဲ့ Cybersecurity Software Firm CrowdStrike တို့ရဲ့ နည်းပညာ ပြဿနာကြောင့် ဖြစ်တယ်လို့ သတင်းဌာနတွေက ဖော်ပြရေးသားနေပါတယ်။ Malware တွေကို ကာကွယ်ဖို့ CrowdStrike ကို Update လုပ်ရင် Microsoft Cloud System မှာ Error တက်တာ ဖြစ်ပြီး MS နဲ့ ချိတ်ဆက်ထားတဲ့ System အားလုံး ရပ်တန့်သွားတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read