Homeပြည်တွင်းသတင်းBIMSTEC အစည်းအဝေးအကြောင်းပြပြီး စစ်ကောင်စီထောက်ခံတဲ့နိုင်ငံများတွေ့ဆုံပွဲ မြန်မာနိုင်ငံမှာကျင်းပတဲ့အပေါ် JFM ရှုတ်ချ

BIMSTEC အစည်းအဝေးအကြောင်းပြပြီး စစ်ကောင်စီထောက်ခံတဲ့နိုင်ငံများတွေ့ဆုံပွဲ မြန်မာနိုင်ငံမှာကျင်းပတဲ့အပေါ် JFM ရှုတ်ချ

၅ ဩဂုတ်၊ ၂၀၂၄

BIMSTEC အဖွဲ့ရဲ့ ၄ ကြိမ်မြောက်အစည်းအဝေးကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံမှာ ကျင်းပခွင့်ပေးခဲ့တဲ့အပြင် တခြားနိုင်ငံတွေကတက်ရောက်ခဲ့တဲ့အပေါ် Justice For Myanmar က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

BIMSTEC(Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ဟာ စီးပွားရေး၊ လူမှုရေး၊ နည်းပညာနဲ့သိပ္ပံနယ်ပယ်တွေမှာ ဘုံအကျိုးစီးပွားဆိုင်ရာကိစ္စရပ်တွေအတွက် ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်အကူအညီတွေမြှင့်တင်ဖို့အပါအဝင် ပညာရေး၊ ပရော်ဖက်ရှင်နယ်နဲ့ နည်းပညာနယ်ပယ်တွေမှာ လေ့ကျင့်ရေးနဲ့ သုတေသနတွေအချင်းချင်းပံ့ပိုးကူညီဖို့ ဖွဲ့စည်းထားတာ ၂၇ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေအဖြစ်ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမှာ အမြဲတမ်းအတွင်းဝန်ရုံးရှိပြီး BIMSTEC အဖွဲ့ရဲ့ ၄ ကြိမ်မြောက်အစည်းအဝေးကို မြန်မာနိုင်ငံမှာ ဇူလိုင်လ ၂၂ ရက်မှ ၂၇ ရက်နေ့အထိကျင်းပခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးကို BIMSTEC အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း တက်ရောက်ခဲ့ပြီး လတ်တလောမှာ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီး Kamal Gunaratne ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အခုလိုတွေ့ဆုံခဲ့တာဟာ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်ရက်စက်မှုတွေကို သီရိလင်္ကာနိုင်ငံက လက်ခံတဲ့သဘောသက်ရောက်နေတယ်လို့ JFM က ထောက်ပြခဲ့ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က BIMSTEC ကို အကြောင်းပြပြီး အမျိုးသားလုံခြုံရေးအကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေးကို ဆုပ်ကိုင်ထားတဲ့အပြင် BIMSTEC အစည်းအဝေးမှာ ထိုင်း-အိန္ဒိယ-မြန်မာ သုံးနိုင်ငံ ဆွေးနွေးဖို့ ထိုင်းနိုင်ငံက အဆိုပြုခဲ့တယ်လို့ သတင်းရရှိကြောင်း JFM က ဖော်ပြပါတယ်။

BIMSTECအဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇ၀တ်မှုတွေမှာ ဆက်စပ်ပါဝင်နေတာကို ရပ်တန့်ရမယ်လို့ Justice For Myanmar က ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read