Homeပြည်တွင်းသတင်း၈ လေးလုံးလူထုအုံကြွမှု ၁၅ ကြိမ်မြောက်အလံတင်အခမ်းအနားကို နယူးယောက်၊ ဘက်ဖလိုမြို့မှာ ကျင်းပ

၈ လေးလုံးလူထုအုံကြွမှု ၁၅ ကြိမ်မြောက်အလံတင်အခမ်းအနားကို နယူးယောက်၊ ဘက်ဖလိုမြို့မှာ ကျင်းပ

၄ သြဂုတ် ၊ ၂၀၂၄

၈ လေးလုံး လူထုအုံကြွမှု ၁၅ ကြိမ်မြောက် အလံတင်အခမ်းအနားနဲ့ ၈ လေးလုံး အထိမ်းအမှတ် အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ပြည်နယ် ၊ ဘက်ဖလိုမြို့မှာ သြဂုတ် ၃ ရက်ကကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်းတို့အပြင် ဘက်ဖလိုမြို့၊ ဒုတိယမြို့တော်ဝန်နဲ့ အမေရိကန်ရောက်ပြည်ပနိုင်ငံဖွားတွေရုံး(ONA) ရဲ့ ညွှန်ကြားရေးမှူးချုပ်လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နယူးယောက်ပြည်နယ် ၊ ဘက်ဖလိုမြို့မှာ သြဂုတ်လ ၃ ရက်ကို Burma Flag Day အဖြစ်သတ်မှတ်ပြီး ခွပ်‌ဒေါင်းအလံတင်အခမ်းအနားကို ၂၀၁၀ ခုနှစ်ကတည်းက ကျင်းပလာတာဖြစ်တယ်လို့ သိရပါတယ်။

သံအမတ်ကြီးနဲ့ NUG ဝန်ကြီးတွေဟာ ဘက်ဖလိုမြို့မှာနေထိုင်နေတဲ့ မြန်မာနွယ်ဖွားတိုင်းရင်းသားတွေနဲ့လည်း တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပုံ – Sethu Win

ဆက်စပ် သတင်းများ

Most read