Homeပြည်တွင်းသတင်း၃၆ ရက်အတွင်း ထိုင်းရောက် တရားမဝင်အလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးရရှိပြီး မြန်မာနိုင်ငံသား ၈သောင်းကျော်ပါဝင်

၃၆ ရက်အတွင်း ထိုင်းရောက် တရားမဝင်အလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးရရှိပြီး မြန်မာနိုင်ငံသား ၈သောင်းကျော်ပါဝင်

၁၇ ဇူလိုင်၊ ၂၀၂၄

၃၆ ရက်အတွင်း မြန်မာအပါအဝင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၁ သိန်းကျော် ဖမ်းဆီးရရှိခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်က သတင်းထုတ်ပြန်ကြေညာပါတယ်။

ထိုင်းနိုင်ငံအတွင်း ရက် ၁၂၀ ကြာ စီမံချက်နဲ့ တရားမဝင်အလုပ်သမားတွေကို ရှာဖွေ ဖမ်းဆီးနေပြီး ဇွန်လ ၅ ရက်က ဇူလိုင် ၁၁ ရက်အထိ ရက်ပေါင်း ၃၆ ရက်အတွင်းမှာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၁၀၈၈၇၅ ဦး ဖမ်းဆီးရရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရတဲ့ တရားမဝင်အလုပ်သမားတွေဟာ မြန်မာအလုပ်သမား ၈၀,၉၁၃ ဦး ၊ ကမ္ဘောဒီးယား အလုပ် သမား ၁၆,၅၀၇ ဦး ၊ လာအိုအလုပ်သမား၇,၈၀၄ ဦး ၊ ဗီယက်နမ်အလုပ်သမား၁၀၄ ဦး နဲ့ အခြားနိုင်ငံ သားအလုပ်သမား ၃,၅၄၇ဦးတို့ ဖြစ်ကြပြီး မြန်မာအလုပ်သမား ၄၇၃ ဦး၊ လာအိုအလုပ်သမား ၁၀၁ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၇၄ ဦး ၊ဗီယက်နမ်အလုပ်သမား ၁၄ ဦးနဲ့ အခြားနိုင်ငံသား ၆၄ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးပြီလို့ ဖော်ပြထားပါတယ်။

အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် Work Permit မရှိတဲ့ အလုပ်သမားနဲ့ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်တဲ့ အလုပ်သမားကို တွေ့ရှိရင် ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိအလုပ်သမားက ဒဏ်ငွေ ပေးဆောင်မှာ ဖြစ်ပါတယ်။

နေရပ်ကို ပြန်ပို့ခံရပြီး ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမှာ ဖြစ်ပါတယ်။
အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်သမားကို လက်ခံတဲ့ အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတစ်ဦး အတွက် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပြီး ထပ်မံကျူးလွန်တာကို တွေ့ရှိပါက ထောင်ဒဏ်အများဆုံး ၁ နှစ် နှင့် ဘတ်ငွေ ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ပေးဆောင်ရပြီး ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ခံရမှာ ဖြစ်ကြောင်း အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သတိပေးပြောကြားထားပါတယ်။

ဆက်စပ် သတင်းများ

Most read