Homeပြည်တွင်းသတင်း၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက ပြည်သူ (၄၀၆) ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း AAPP ထုတ်ပြန်

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက ပြည်သူ (၄၀၆) ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း AAPP ထုတ်ပြန်

၃ ဇန်ဝါရီလ၊၂၀၂၄

သတ်ဖြတ်ခြင်းကို ယဉ်ပါးစွာကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေမှ မြန်မာနိုင်ငံတဝန်းနေရာ ဒေသ အသီးသီးက ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခြင်းခံရသူ ၂၀၂၄ တနှစ်အတွင်း စုစုပေါင်း (၄၀၆) ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ျေလှာက်ရေးအသင်း AAPP က ဇန်နဝါရီလ ၂ ရက်နေ့က ထုန်ပြန် အသိပေးထားပါတယ်။

ဆိုပါအရေအတွက်အတွင်း စစ်အုပ်စုရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေဖြစ်တဲ့ ရဲစခန်းတွေမှာ သေဆုံးသူ (၁၂) ဦး၊ စစ်ကြောရေးစခန်းတွေမှာ သေဆုံးသူ (၁၅) ဦး၊ အကျဉ်းထောင်တွေမှာ သေဆုံးသူ ဦးရေ (၃၁) ဦးရှိခဲ့ တယ်လို့ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး လက်တွေ့မြေပြင်၌ ယခုအရေအတွက်ထက် ပိုမိုများပြား နိုင်တယ်လို့ လည်းဆိုပါတယ်။

၂၀၂၄ ခုနှစ်ကုန်ဆုံးခါနီး နောက်ဆုံးရက်သတ္တပတ်အတွင်း ကမ္ဘာ့နိုင်ငံအသီးသီးက နှစ်သစ်ကြိုဆိုပွဲကျင်းပဖို့ ပြင်ဆင်နေကြချိန်တွင်လည်း စစ်ကောင်စီက လေကြောင်းနဲ့ နိုင်ငံအတွင်းနေရာအနှံ့အပြားကို တိုက်ခိုက် ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ တရက်တည်းမှာပင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ ရမ်းနဂါးကျေး ရွာရှိ ဟိန္ဒူဘုရားကျောင်းကိုလည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဆင်စခန်းခေါ် စစ်ရှောင် စခန်းကို လည်းကောင်း၊ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာကိုလည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ နှစ်ဆယ်ဝန်းကျင် သေဆုံးခဲ့ပြီး၊ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တာကို နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo – AAPP

ဆက်စပ် သတင်းများ

Most read