Homeပြည်တွင်းသတင်း၁၀၂၇ ဒုတိယပိုင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

၁၀၂၇ ဒုတိယပိုင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

၁၃ ဩဂုတ်၊ ၂၀၂၄

၂၀၂၄ခုနှစ်၊ ဇွန်လ (၂၅) ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ TNLA၊ MNDAA၊ ပူးပေါင်းမဟာမိတ် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲမြို့၊ နောင်ချို၊ မိုးမိတ်၊ သီပေါနဲ့ မန္တလေးတိုင်းအတွင်းက မိုးကုတ်မြို့တွေမှာ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ခဲ့တဲ့အချိန်က စပြီး ကျောက်မဲမြို့မှာ နေ့တိုင်းနီးပါး လက်နက်ကြီး ကျည်ကျရောက်ပြီး လူသေဆုံးမှုတွေ ရှိနေပါတယ်။

ဇွန်လ (၂၅)ရက်နေ့၊ မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ကျောက်မဲမြို့နေရာအနှံ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် နေ့စဉ်နီးပါး သေဆုံးမှုများ ရှိနေခဲ့သည်။

ဇွန်လ ၂၈ မှာ ကျောက်မဲမြို့ အုတ်ကျင်းရပ်ကွက်အတွင်းမှာ ၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၆ ဦး သေဆုံးပြီး ကလေး ၂ ဦးအပါအဝင် လူ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကျောက်မဲမြို့အတွင်းက အရပ်သား ၁၂၀၀၀ ကျော် သေဆုံးပြီး ဇူလိုင်လ ၂ ရက်ထိ စာရင်းတွေ အရ အရပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇူလိုင်လ ၃ ရက်မှာ လားရှိုးကို စတင် တိုက်ိခုက်ပြီး ဇွန်လထဲ လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ် ရှိရာက ဇူလိုင်လထဲ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၂၀ ကျော်ထိ မြင့်တက်ခဲ့ပါတယ်။

ဇူလိုင်လ ၁၈ ညနေပိုင်း လားရှိုးမြို့ကို ဗုံးသီး ၆ လုံး ကြဲချတဲ့အတွက် လူ ၇ ဦးအထက် သေဆုံးပြီး လူ ၁၃ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။

ဇူလိုင် ၂၈ မှာ လားရှိုးအနီးက သိနီမြိုကို ဗုံးကြဲရာ ကလေးတစ်ဦးအပါအဝင် လူ ၂ ဦးသေဆုံးပြီး လူ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင် ၂၈ မှာပဲ လားရှိုးမြို့က မန်ဆူဘုန်းကြီးကျောင်းကို ဗုံးကြဲတဲ့အတွက် စစ်ရှောင် အရပ်သား ၅ ဦး အပါအဝင် လူ ၆ ဦးသေဆုံးခဲ့ပါတယ်။

ဩဂုတ် ၅ ရက်မှာ ကွတ်ခိုင်ဈေးအနီး လမ်းဆုံကို ပေါင် ၅၀၀ ဗုံးကြဲချတာကြောင့် လူ ၅ ဦးသေဆုံးပြီး လူ ၁၂ ဦး ဒဏ်ရာရခဲ့သလို ဈေးထဲကဆိုင်ခန်း ၄၀၁ ခန်းလည်း မီးလောင် ပြာကြခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ဖြစ်စဉ်တွေကို PSLF က စာရင်းပြုစုပြီး မှတ်တမ်းတင်ထားမှုအရ အရပ်သား ပြည်သူ ၉၀ ကျော် သေဆုံးပြီး ၈၅ ဦး ဒဏ်ရာရခဲ့ပြီး အမှန်တကယ်သေဆုံး ဒဏ်ရာရမှုစာရင်းဟာ ဒီထက်ပို များပြားနိုင်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

Photo-NUG

ဆက်စပ် သတင်းများ

Most read