Ooredoo Myanmar ကုမ္ပဏီအနေနဲ့ U9 အမည်ကို ပြောင်းလဲသွားမယ်လို့ အူရီဒူးမြန်မာက စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အူရီဒူးမြန်မာကို ကာတာနိုင်ငံအခြေစိုက် မိခင်ကုမ္ပဏီ အူရီဒူးက Nine Communications ကုမ္ပဏီထံ ၂၀၂၂ ခုနှစ် က ရောင်းချခဲ့တာဖြစ်ပါတယ်။
Nine Communications ကုမ္ပဏီ ပိုင်ဆိုင်တာဖြစ်ပြီး အူရီဒူးမြန်မာကို အမေရိကန်ဒေါ်လာ ၅၇၆ သန်း နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
အူရီဒူးမြန်မာရဲ့ ပိုင်ရှင်အသစ်ဟာ ကုမ္ပဏီဟာ စစ်အုပ်စုကို လက်နက်နဲ့ တိုက်လေယာဉ်တွေ ရုရှားထံက ဝယ်ယူပေးနေတဲ့ ဂျော်နသန်မျိုးကျော်သောင်းဖြစ်တယ်လို့ အူရီဒူးမြန်မာရဲ့ လုပ်ငန်းမှာ ထဲထဲဝင်ဝင် ပါဝင်နေသူ တဦးထံကနေသိရပါတယ်။
“ပိုင်ရှင်အသစ်က ဂျော်နသန်မျိုးကျော်သောင်းပါ။”လို့ သူကပြောပါတယ်။
အခုလို ပိုင်ရှင်အပြောင်းအလဲ ဖြစ်ပေါ်ပေမယ့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်က စပြီး သုံးစွဲသူတွေဟာ U9 အက်ပလီကေးရှင်းအသစ်ကို Apple App Store နဲ့ Google Play တို့မှာ ရယူနိုင်မယ်လို့ ဆိုပါတယ်။
သုံးစွဲသူများအနေနှင့် အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်များအတိုင်း ပြန်လည် အသုံးပြုကာ ဝင်ရောက်နိုင်မည် ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။
၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ အူရီဒူးမြန်မာအနေနဲ့ မိုဘိုင်းချိတ်ဆက်မှုပေါင်း ၈.၅ သန်းကျော်ရှိတယ်လို့ သိရပါတယ်။


