Homeပြည်တွင်းသတင်းအိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးမှ ယာယီရပ်ဆိုင်းထားကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးမှ ယာယီရပ်ဆိုင်းထားကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

၂၆ ဇွန်၊၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို ဌာနတွင်း ကြားနာစစ်ဆေးမှုတွေပြုလုပ်နေစဥ်ကာလအတွင်း တာဝန်မှ ယာယီရပ်ဆိုင်းလိုက်တယ်လို့ NUG နိုင်ငံခြား ရေးဝန်ကြီးဌာနက ဇွန်လ ၂၅ရက် မနေ့က ထုတ်ပြန်ပါတယ်။

NUG အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်အနေနဲ့ ကိုယ်စားလှယ်ရုံး အတွင်း ရေးမှူး အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနဲ့ပတ်သက်လို့ တိုင်ကြားမှုရှိခဲ့တာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါတိုင်ကြားစာကိစ္စအပေါ် ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူဆောင် ရွက်နေတယ်လို့လည်း ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတယ်ဆိုပြီး တိုင်ကြားခဲ့တဲ့ အမျိုးသမီးကို ဧပြီလ ၃၀ ရက်နေ့က တာဝန်ကနေ ရပ်နားလိုက်တာကို သူမက လက်မခံနိုင်တာကြောင့် သူ့သဘောဆန္ဒအရ မေလ ၁၄ ရက်နေ့မှာ NUG နိုင်ငံ ခြားရေးဝန်ကြီးဌာနကို နုတ်ထွက်စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက် အမြတ်ထုတ်ခဲ့တဲ့အကြောင်း ကာယကံရှင်အမျိုးသမီးက နိုင်ငံခြားရေးဝန် ကြီးဌာနကို မတ်လ ၈ ရက်နေ့က တိုင်ကြားခဲ့ပေမဲ့ ထိရောက်တဲ့ အပြစ်ပေးအရေးယူတာ မလုပ်ခဲ့ဘူးလို့ နုတ်ထွက်စာထဲမှာ ထည့်သွင်းဖော်ပြထားပြီး ဒါ့အပြင် လိင်ပိုင်းဆိုင်ရာကျူးလွန်းခံရတယ်လို့တိုင်းကြားခဲ့တဲ့ အမျိုးသမီးနဲ့ အခြားဝန်ထမ်း အမျိုးသမီးနှစ်ဦးကို ရာထူးကနေ ရပ်နားခဲ့တယ်လို့လည်း ဆိုပါတယ်။

ယခုအခါ အဆိုပါဌာနတွင်း စစ်ဆေးကြားနာမှုအစီရင်ခံစာနဲ့ ဆက်စပ်စာရွက်စာတမ်းတွေကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွေမှ ကာကွယ် ခြင်းဆိုင် ရာ မူဝါဒ(PSHEA)အကောင်အထည်ဖော်ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်တယ်လို့ NUG ဆိုပါတယ်။

PSHEA အကောင်အထည်ဖော်ရေးဗဟိုကော်မတီကလည်း မူဝါဒနဲ့အညီ စုံစမ်းစစ်ဆေးရေးအဖွဲ့အား တာဝန်၊ လုပ်ပိုင်ခွင့်များနဲ့တကွ ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက် က ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးရေးအစီအစဥ်ကို ဆက်လက် အကောင်အထည် ဖော်လုပ်ဆောင်နေတယ်လို့ ဇွန်လ ၂၅ ရက် မနေ့က ထုတ်ပြန်ထားပြီး စုံစမ်းစစ်ဆေး ရေးအဖွဲ့တွင် NUG မှ မည့်သည့်ဝန်ကြီးဌာနမှ၊ မည့်သည်ပုဂ္ဂိုလ်တွေပါဝင်တယ်ဆိုတာကိုမူ မသိရသေးပါဘူး။

မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်(WLB) ကလည်း ဒီဖြစ်စဉ်အပေါ် ရှုတ်ချကြောင်းနဲ့ ကျူးလွန်တဲ့သူကို ထိရောက်စွာ အပြစ်ပေးပြီး ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှု အမြန်ဆုံးဖော်ထုတ် ပေးဖို့ ဇွန်လ ၂၃ ရက်နေ့ က ထုတ်ပြန်ထောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read