Homeပြည်တွင်းသတင်းအာဇာနည်နေ့မှာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

အာဇာနည်နေ့မှာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

၁၉ ဇူလိုင်၊ ၂၀၂၄

ဒီနေ့ ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့မှာ ရန်ကုန်မြို့တွင်း လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကပဲစမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) က “ဦးအောင်ဆန်းရေ အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ” ဆိုတဲ့ စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

“အခုအချိန်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မှာ အဖက်ဖက်ပြိုကျပျက်စီးနေပြီး ပြည်သူတွေ အခက်အခဲတွေ ကြုံနေရပါတယ်။ ဦးအောင်ဆန်းလို တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးကို လွမ်းဆွတ်တမ်းတတဲ့ ရည်ရွယ်ချက်နဲ့ ဒီလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။” လို့ စမ်းချောင်းပင်မသပိတ်ဦးဆောင်သူက ပြောပါတယ်။

ဆက်စပ် သတင်းများ

Most read