Homeပြည်တွင်းသတင်းအာဆီယံ မြန်မာ့ရေးရာအထူးကိုယ်စားလှယ်အဖြစ် Othman Hashim ကိုခန့်အပ်

အာဆီယံ မြန်မာ့ရေးရာအထူးကိုယ်စားလှယ်အဖြစ် Othman Hashim ကိုခန့်အပ်

၁၉ ဇန်နဝါရီ၊ ၂၀၂၅

အာဆီယံဥက္ကဌရဲ့ မြန်မာ့အရေးအာဆီယံအထူးကိုယ်စားလှယ်အဖြစ် မလေးရှားသံအမတ်ဟောင်း Tan Sri Othman Hashim ကို ဇန်နဝါရီ ၂၅ ရက် ဒီနေ့မနက်မှာ ခန့်အပ်လိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က ဒီနေ့မနက်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တံခါးပိတ်အစည်းအဝေးမှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဌရဲ့ အထူးသံတမန်အဖြစ် Tan Sri Othman Hashim ကို ခန့်အပ်လိုက်ကြောင်း အသိပေးချင်ပါတယ်။ သူဟာ အထူးသံတမန်အဖြစ် တာဝန် ထမ်းဆောင်ရာမှာ ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့အတွေးအမြင်ကို သုံးသပ်ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Othman ဟာ ချက်နိုင်ငံဆိုင်ရာမလေးရှားသံအမတ်ကြီးအဖြစ် ၂၀၀၂ ကနေ ၂၀၀၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင်မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှာ ဥက္ကဌအနေနဲ့ တာဝန်ယူခဲ့ဖူးသလို ရိုမေးနီးယား ၊ တရုတ်၊ ဆွစ်ဇာလန်တို့မှာလည်း သံအရာရှိဘဝနဲ့ သွားရောက်ခဲ့ဖူးပါတယ်။၂၀၀၉ က ၂၀၁၂ အထိကုလသမဂ္ဂဆိုင်ရာမလေးရှား အမြဲတမ်း သံအမတ်ကြီးလည်း ဖြစ်ပါတယ်။ ၂၀၁၂ က ၂၀၁၃ အထိ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မလေးရှားသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၃ မှာတော့နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူးချုပ်အဖြစ် ၃ နှစ်တာဝန်ထမ်းဆောင်ထားပါတယ်။

ဓာတ်ပုံ – The Star

ဆက်စပ် သတင်းများ

Most read