Homeပြည်တွင်းသတင်းအာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာ့အရေး အလေးထားဆွေးနွေးဖို့ရှိနေ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာ့အရေး အလေးထားဆွေးနွေးဖို့ရှိနေ

၂၂ ဇူလိုင်၊ ၂၀၂၄

လာအိုနိုင်ငံမှာ မကြာခင်ကျင်းပဖို့ရှိနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာအရေး အလေးထားဆွေးနွေးဖို့ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် ဆွေးနွေးဖို့ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ဇူလိုင်လ ၂၄ ရက်ကနေ ၂၈ ရက်အထိ ကျင်းပဖို့ရှိနေတာပါ။ အဲ့ဒီအစည်းအဝေးကို မြန်မာနိုင်ငံက ဘယ်သူတက်မယ်ဆိုတာတော့ မသိရသေးပါဘူး။

အာဆီယံံအစည်းအဝေးတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပြုဖို့ အရပ်ဖက်အဖွဲ့အစည်း ၃၀၀ ကျော်က အိပ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုထားတာရှိပါတယ်။

ပုံမှန်အားဖြင့်တော့ အာဆီယံအစည်းအဝေးတွေကို မြန်မာနိုင်ငံက နိုင်ငံရေးအရ မသက်ဆိုင်သူ တက်ရောက်ခွင့်ရှိတာကြောင့် မြန်မာနိုင်ငံက နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် တက်ရောက်တာမျိုးရှိပါတယ်။

ဆက်စပ် သတင်းများ

Most read