Homeပြည်တွင်းသတင်းအလုံမြို့နယ်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ထဲ ကားနဲ့ဝင်တိုက်မှုဖြစ်စဉ်မှာ သေဆုံးသူ ၃ ဦးအထိရှိလာ

အလုံမြို့နယ်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ထဲ ကားနဲ့ဝင်တိုက်မှုဖြစ်စဉ်မှာ သေဆုံးသူ ၃ ဦးအထိရှိလာ

၁၃ ဩဂုတ်၊ ၂၀၂၄

ရန်ကုန်တိုင်း။ အလုံမြို့နယ်၊ကရင်ခြံရပ်ကွက်၊အောက်ကြည့်မြင်တိုင်လမ်း၊ဆင်မင်းကား မှတ်တိုင်အရှေ့မှာ သြဂုတ်လ ၁၃ ရက် မနက် ၆ နာရီ ခွဲကျော်ကျော်က ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ထဲ အရှိန်နဲ့မောင်းလာတဲ့ ကားဝင်တိုက်လိုက် လူ ၇ ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မျက်မြင်တွေဆီက သိရပါတယ်။

အရှိန်နဲ့မောင်းလာတဲ့ Caldina အဖြူရောင်ကားတစီးက အရှိန်ပြင်းစွာ ကားမှတ်တိုင်မှာ ဘတ်စ်ကား စောင့်နေသူတွေကို ဝင်တိုက်ခဲ့တဲ့အပြင် ရပ်ထားတဲ့ကားတစ်စီးကို ထပ်မံတိုက်မိပြီး ရပ်တန့်သွားတာပါ။

ယာဥ်တိုက်မှုကြောင့် (၇)ဦး ဒဏ်ရာရရှိခဲ့ကြပြီး ၃ ဦးကတော့ သေဆုံးသွှားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဒီနေ့ မနက် Bus ကားစောင့်နေရင်း အရှိန်ဖြင့်ကားဝင်တိုက်မှုကြောင့် ညီမရဲ့အ ဒေါ် ၂ ယောက် ထိပြီး ၁ ယောက်က လက်ကျိုးပြီး ၁ ယောက်အသက်ဆုံးရှုံးလိုက်ရတယ်။ခေါင်းက ပလက်ဖောင်းနဲ့ ရိုက်မိပြီး Ambulance ပေါ်မှာထဲက စိုးရိမ်ရတဲ့ အခြေနေဖြစ်သွားတာ။ ခေါင်းထိသွားတာဆိုတော့ ဆေးရုံရောက်တဲ့ထိအသိရော သတိရော ပါမလာတော့ဘူး။ ၈နာရီ၃၅မိနစ်ဝန်းကျင်ခန့်မှာလက်လွတ်လိုက်ရပါတယ်”လို့ သေဆုံးသွားသူတစ်ဦးရဲ့တူမတော်စပ်သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“Bus ကားစောင့်နေတဲ့ သူများကို အရှိန်နဲ့ဝင်တိုက်ရမှာ ၇ ဦးခန့် ထိခိုက်ပြီး လက်ရှိ ၃ ယောက်အသက်ဆုံးရှုံးသွားတယ်။ (ညီမအဒေါ်အပါအဝင်)ကျန်တဲ့သူတွေကလဲ ပွန်းရုံပဲ့ရုံ အနေအထားမဟုတ်ပါဘူး။ခြေကျိုးတဲ့သူကကျိုး လက်ကျိုးတဲ့သူကကျိုးပါ။ဘယ် လောက်အရှိန်နဲ့ မောင်းလဲဆိုတာ ရပ်ထားတဲ့ Bongo ကားကိုတိုက်ပြီး ကားစောင့်နေတဲ့ သူအကုန် ဝင်တိုင်တာ အဲ့ရပ်ထားတဲ့ကားပါမှောက်တယ်။တိုက်တဲ့ကားက ကောင်လေးနဲ့ ကောင်မလေး။ ကားကိုလူလိုမမောင်းကြဘူး။ Club ကပဲ ပြန်ပြန် ဘယ်ကပဲပြန်ပြန် ဆေးကွဲနေရင်လည်း နံရံနဲ့သာပြေးတိုက်လိုက်ကြပါလား။တန်ဖိုးမရှိတဲ့ သူတွေကြောင့် တန်ဖိုးရှိတဲ့သူတွေ အ သက်ဆုံးရှုံးရတယ်။ဘဝ အဆက် ဆက်ကိုယ်ချင်းစာတတ်ကြပါစေ။ အသက်တချက်ရှူတိုင်း ကိုယ်ကြောင့် အသက်ဆုံးရှူံးခဲ့ရတဲ့ သူတွေရဲ့ လေကိုရှုနေတယ်ဆိုတာ သတိရကြပါစေ။ဖြစ်ဖြစ်ချင်းချက်ချင်းဆေးရုံလိုက်ပို့ပေးတဲ့ အလုံက ကြီးလေးကြီး လူမှုရေကူညီမှုအသင်း၊ရန်ကုန်ဆေးရုံကြီးမှ ဆရာ ဝန်များနဲ့ အနားမှာဝိုင်းကူညီပေးတဲ့ သူတွေအားလုံးကို ကျေး ဇူးတင်ပါတယ်”လို့ သူက ဆက်လက်ရေး သားထားပါတယ်။

ဆက်စပ် သတင်းများ

Most read