Homeပြည်တွင်းသတင်းအလုံမြို့နယ်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ထဲ ကားနဲ့ဝင်တိုက်လို့ ၇ ဦးဒဏ်ရာရ၊ ၂ ဦးဒဏ်ရာပြင်းထန်

အလုံမြို့နယ်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ထဲ ကားနဲ့ဝင်တိုက်လို့ ၇ ဦးဒဏ်ရာရ၊ ၂ ဦးဒဏ်ရာပြင်းထန်

၁၃ ဩဂုတ်၊ ၂၀၂၄

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ကရင်ခြံရပ်ကွက်၊အောက်ကြည့်မြင်တိုင်လမ်း၊ဆင်မင်းကား မှတ်တိုင်အရှေ့မှာ သြဂုတ်လ ၁၃ ရက် မနက် ၆ နာရီ ခွဲကျော်ကျော်က ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ထဲ အရှိန်နဲ့မောင်းလာတဲ့ ကားဝင်တိုက်လိုက် လူ ၇ ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မျက်မြင်တွေဆီက သိရပါတယ်။

အရှိန်နဲ့မောင်းလာတဲ့ Caldina အဖြူရောင်ကားတစီးက အရှိန်ပြင်းစွာ ကားမှတ်တိုင်မှာ ဘတ်စ်ကား စောင့်နေသူတွေကို ဝင်တိုက်ခဲ့တဲ့အပြင် ရပ်ထားတဲ့ကားတစ်စီးကို ထပ်မံတိုက်မိပြီး ရပ်တန့်သွားတာပါ။

ယာဥ်တိုက်မှုကြောင့် (၇)ဦး ဒဏ်ရာရရှိခဲ့ကြပြီး ၂ ဦးမှာ စိုးရိမ်ရထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာ ရသူတွေကိုတော့ သံဝေဂလူမှုကူညီရေးအသင်းပိုင်ယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read