Homeပြည်တွင်းသတင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်

၁ ဇွန်၊ ၂၀၂၄

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ နာယကကြီး သူရဦးတင်ဦးဟာ ဒီနေ့ မနက်ပိုင်း ၈ နာရီ ၄၅ မိနစ်က ကွယ်လွန်သွား တယ်လို့ NLD ပါတီနဲ့နီးစပ်သူက New Day Myanmar ကို အတည်ပြုပြောကြားပါတယ်။

ဦးတင်ဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ် ရှိပြီ ဖြစ်ပါတယ်။

မေ ၂၉ ရက်နေ့ကတည်းက ကျန်းမာရေးအနည်းငယ်ချို့ယွင်းနေလို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ တင် ထားရတာဖြစ်ပြီး နှလုံးရောဂါနဲ့ သေဆုံးသွားတာ ဖြစ်ပါတယ်။

ရုပ်ကလပ်ကိုအမှတ်(၃၀) ဗောဓိရိပ်သာလမ်း ဗဟန်းမြို့နယ် နေအိမ်မှာ ထားရှိမှာဖြစ်ပြီး (5.6.2024) ဗုဒ္ဓဟူး နေ့မှာ ရုပ်ကလာပ်ကို ဂူသွင်း သဂြိုလ်သွားမယ်လို့ သိရပြီး ဂူသွင်းမယ့်အချိန်ကိုတော့ မိသားစု ဝင်တွေက မကြေညာသေးပါဘူး။

စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးလည်းဖြစ်တဲ့ သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ် မတ်လက ၁၉၇၆ ခုနှစ် မတ်လအထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ဇေယျကျော်ထင်ဘွဲ့နဲ့ သူရဘွဲ့ကို ရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီကို ဦးဆောင်တည်ထောင်သူတစ်ဦးလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read