Homeပြည်တွင်းသတင်းအမေရိကန်အစိုးရက NUG ၊ NUCC ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး

အမေရိကန်အစိုးရက NUG ၊ NUCC ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး

၁၇ ဩဂုတ်၊ ၂၀၂၄

အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ Tom Sullivan ၊ USAID လက်ထောက် အုပ်ချုပ်ရေးမှူး Michael Schiffer တို့ဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) ၊ တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ ဩဂုတ်လ ၁၆ ရက်မှာ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်ပြည်ထောင်စုအစိုးရက ထုတ်ပြန်ကြေညာပါတယ်။

ဆွေးနွေးပွဲမှာ ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံဖြစ်ပေါ်လာဖို့အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတဲ့အဖွဲ့တွေကို အတိုင်ပင်ခံပုဂ္ဂိုလ် Sullivan နဲ့ လက်ထောက်အုပ်ချုပ်သူ Schiffer က ချီးကျူးစကားဆိုပါတယ်။

Tom Sullivan နဲ့ Micheal Schifferတို့က အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီမိုကရေစီ လိုလားသူတွေရဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့နဲ့ လိုအပ်နေသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်ရိုက်ပံ့ပိုးကူညီမှုတွေကို ဆက်လက်တိုးချဲ့သွားမယ်လို့ Sullivan က ဆိုပါတယ်။

ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချိုးဖောက်တဲ့ ဘယ်ပါတီ ဘယ်တပ်ဖွဲ့ကိုမဆို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အမေရိကန်ပြည်ထောင်စုက ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကတိပေးတယ်လို့ဖော်ပြပါတယ်။

ပုံစာ – Tom Sullivan နဲ့ NUG NUCC တိုင်းရင်းသားအဖွဲ့တွေ တွေ့ဆုံဆွေးနွေးစဉ်
ပုံ- ယာယီသမ္မတဒူဝါလရှီးလ X လူမှုကွန်ယက်

ဆက်စပ် သတင်းများ

Most read