Homeပြည်တွင်းသတင်းအမေရိကန်က Visa ပိတ်ပင်မယ့်နိုင်ငံစာရင်းမှာ မြန်မာပါဝင်နေ

အမေရိကန်က Visa ပိတ်ပင်မယ့်နိုင်ငံစာရင်းမှာ မြန်မာပါဝင်နေ

၁၅ မတ်၊ ၂၀၂၅

အမေရိကန်ပြည်ထောင်စုအစိုးရက US Visa ပိတ်ပင်ဖို့ စဉ်းစားနေတဲ့ နိုင်ငံ ၄၁ နိုင်ငံစာရင်းကို အသစ်ထုတ်ပြန်ကြေညာလိုက်ရာမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။

ဒီ ၄၁ နိုင်ငံစာရင်းကို အုပ်စုတွေခွဲထားပြီး ပထမအုပ်စုမှာ အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားနှင့် မြောက်ကိုရီးယားအပါအဝင် ၁၀ နိုင်ငံကို ဗီဇာလုံးဝ ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။

ဒုတိယအုပ်စုမှာ အီရီထရီးယား၊ ဟေတီ၊ လာအို၊ မြန်မာနှင့် တောင်ဆူဒန်နိုင်ငံ ၅ နိုင်ငံပါဝင်ပြီး ခရီးသွားဗီဇာ၊ ကျောင်းသားဗီဇာ နဲ့ လူဝင်မှုဆိုင်ရာဗီဇာတွေပါဝင်နေပြီး တချို့ကိုတော့ ခြွင်းချက်ထားခွင့်ပြုမယ်လို့ ဆိုပါတယ်။

တတိယအုပ်စုမှာတော့ ဘီလာရုစ်၊ ပါကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်အပါအဝင် နိုင်ငံ ၂၆ နိုင်ငံတို့ပါဝင်ပြီး သူတို့ရဲ့အစိုးရတွေက လိုအပ်တာတွေကို ရက် ၆၀အတွင်း မဖြေရှင်းနိုင်ရင် တစိတ်တပိုင်း ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပိတ်ပင်မှုမှာ အပြောင်းအလဲတွေ ရှိနေပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ အုပ်ချုပ်ရေးပိုင်းက အတည်ပြုခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

Ref: Reuters

Photo – ASSOCIATED PRESS

ဆက်စပ် သတင်းများ

Most read