Homeပြည်တွင်းသတင်းအမရပူရမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သဲတုတ်ထဲ ရေဝင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင် လုပ်သား ၇ ဦး ပျောက်ဆုံးနေ

အမရပူရမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သဲတုတ်ထဲ ရေဝင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင် လုပ်သား ၇ ဦး ပျောက်ဆုံးနေ

၁၄ ဇူလိုင်၊ ၂၀၂၄

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ဘေးက ယက်ကန်းတော်ရွာမှာရှိတဲ့ ရေဆိုးထုတ်ပြွန်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေတုန်းမှာ သဲနဲ့ကာရံထားတဲ့တုတ်ကနေ ရေတွေဝင်ရောက်လာပြီး လုပ်ငန်းဆောင်ရွက်နေသူ အလုပ်သမား ကျား(၁၀)ဦးအနက် ကျား(၇)ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာမှာ ဒီလုပ်ငန်းခွင်လဲပါဝင်ပြီး ရေဆိုးထုတ်ပြွန်တည်ဆောက်ရေးလုပ်နေချိန်မှာ သဲနဲ့ ကာရံထားတဲ့ တုတ် တခု ကနေ ရေဝင်လာခဲ့တာကြောင့် အလုပ်လုပ်နေတဲ့ အလုပ်သမား အမျိုးသား ၁၀ ဦးထဲက ၇ ဦး ရေထဲမှာ ပျောက်ဆုံးနေတာ တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင် သီးသန့် သဲတုတ်ရေဝင်မှုဖြစ်ခဲ့တာဖြစ်ပြီး လူနေအိမ်တွေဘက်ကို ရေဝင်ရောက်တာမရှိဘဲ လက်ရှိမှာ ရေကို စုပ်ထုတ်ဖို့ လုပ်နေကြပါတယ်။

လက်ရှိမှာ ဧရာဝတီမြစ်ရေဆက်တိုက်မြင့်တက်နေပြီး မြစ်ကမ်းပါးတစ်လျှောက်က မြို့နယ်တွေဟာ မြစ်ရေစိုးရိမ်ရေမှတ်မှာရှိနေပြီး အချို့မြို့နယ်တွေမှာတော့ ရေကြီးမှုကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read