၁၅ မတ်၊ ၂၀၂၅
အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို မှောင်ခိုသွင်းမှုကြောင့် ထိုင်းနိုင်ငံသားအဖြစ်ခံယူထားသူတစ်ဦးကို ကန်ချနဘူရီခရိုင်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ ထိုင်း နိုင်ငံသားအဖြစ်က ပြန်ပြီး ရုတ်သိမ်းလိုက်တယ်လို့ Khaosod သတင်းက ဖော်ပြပါတယ်။
အသက် ၂၃ နှစ်အရွယ် ဝီလဖုံကို မတ် ၁၁ ရက်က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆိုင်ယုတ်မြို့နယ်၊ ဝမ်ကကျဲကျေးရွာအနီးတွင် တရားမဝင် မြန်မာ အလုပ်သမား ၉ ဦးအား မှောင်ခိုသွင်းမှုကြောင့် ထိုင်းနိုင်ငံသားအဖြစ်က ရုတ်သိမ်းခဲ့ပါတယ်။
တရားမဝင် မြန်မာအလုပ်သမား ၉ ဦးကို ထိုင်းနိုင်ငံအတွင်း မှောင်ခိုသွင်းခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး၊ ကန်ချနာဘူရီခရိုင်အုပ်ချုပ်ရေးမှူးက ထိုင်းအမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ဆိုကာ ထိုင်းနိုင်ငံသားအဖြစ်က ရုတ်သိမ်းတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်က ကန်ချနဘူရီခရိုင်၊ (၁၃) မြို့နယ်အတွင်း ထိုင်းဥပဒေနဲ့အညီမနေထိုင်သည့် ထိုင်းနိုင်ငံသား ခံယူထားသူများကို (နိုင်ငံခြား သားမိဘနှစ်ပါးက မွေးဖွားလာသူများကိုဆိုလိုခြင်းဖြစ်သည်) ထိုင်းနိုင်ငံသား အဖြစ်က ရုတ်သိမ်းမည်ဟု ကန်ချနဘူရီခရိုင်အုပ်ချုပ်ရေးမှူးက အသိပေးကြေညာထားပါတယ်။
ကန်ချနဘူရီခရိုင်သည် ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နှင့် ထိစပ်နေသော ခရိုင်တစ်ခုဖြစ်သည်။ ကန်ချနဘူရီခရိုင်အတွင်းမှာ မြန်မာနိုင်ငံဘက်က ပြောင်းရွှေ့နေထိုင်သူတွေရှိပြီး မြန်မာနိုင်ငံသား မိဘနှစ်ပါးမှမွေးဖွားပြီး ထိုင်းနိုင်ငံသား ခံယူထားသူများရှိကြောင်း သိရသည်။
ဓာတ်ပုံ – Khaosod English