Homeပြည်တွင်းသတင်းအင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Together Urban Force လက်နက်ငယ်များနဲ့ ဝင်ရောက် ပစ်ခတ်

အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Together Urban Force လက်နက်ငယ်များနဲ့ ဝင်ရောက် ပစ်ခတ်

၁ ဇွန်၊ ၂၀၂၄

မေလ ၃၀ရက် ညပိုင်းမှာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်များနဲ့ Together Urban Force က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်မှာမှာ မေလ ၃၁ရက်က ကြေညာထားပါတယ်။

မေလ ၃၀ ရက် ည ၇ နာရီ ၅ မိနစ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ကို အသက်သွင်းပြီး ရပ်ကွက်နေပြည်သူများအပေါ် ဆက်ကြေးကောက်နေသော အနောက်ကြို့ကုန်း ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးကို Together Urban Force အဖွဲ့က လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီလက်ပါစေအုပ်ချုပ်ရေးမှူး၊ ပျူစောထီးတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအပြီး TUFက ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့လဲ သိရပါတယ်။ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဟာ အာဏာသိမ်းစစ်ကောင်စီ လုံး၀အုပ်ချုပ်ခွင့်မရရန် စစ်ကောင် စီရဲ့ ဒေါက်တိုင်များကို ရိုက်ချိုးမှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းဌာ နတွေ၊ စစ်ကောင်စီ အထိုင်ကင်းတွေ၊ လှည့်ကင်းတွေနဲ့ ဝေးရာက ရှောင်ရှားသွားလာပေးဖို့ TUF ရဲ့ ထုတ်ပြန်စာမှာ အသိပေး မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ် သတင်းများ

Most read