Homeပြည်တွင်းသတင်းအင်းစိန်ထောင်က အကျဉ်းသားတွေကို ငွေတောင်းမှုတွေဖြစ်နေတယ်လို့ PPNM ထုတ်ပြန်

အင်းစိန်ထောင်က အကျဉ်းသားတွေကို ငွေတောင်းမှုတွေဖြစ်နေတယ်လို့ PPNM ထုတ်ပြန်

၈ ဇူလိုင်၊ ၂၀၂၄

အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက မကြာခဏ ငွေကြေးတောင်းခံနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

သပြေဆောင်အဆောင်မှူးဖြိုးဇော်ဟိန်း၊ ဒုတပ်ကြပ်အောင်ကျော်ဌေး (ခ) ပါးပေါက်၊ တန်းစီးချုပ် ကုလားပြား (လူသတ်မှု) စတဲ့ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ငွေတောင်းခံနေကြတယ်လို့ ဇူလိုင်လ ၆ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဆေးသုတ်ဖို့၊ စတိုခန်းပြင်ဖို့ စတာတွေ အကြောင်းပြပြီး တစ်ခန်းကို အနည်းဆုံး ကျပ် ၆၀၀၀၀ ပေးဆောင်ရမယ်လို့ အဆောင်သူကြီးတွေက တောင်းခံနေကြတယ်လို့ သိရပါတယ်။ ပိုက်ဆံမပေးရင် အကျဉ်းထောင်ထဲမှာ နေရခက်အောင် ဖိအားပေးတာတွေရှိတယ်လို့ ဆိုပါတယ်။

ဆေးသုတ်ဖို့နဲ့ အခြားကိစ္စတွေကို အကြောင်းပြပြီး ပိုက်ဆံတောင်းတဲ့ အပြင် ထောင်ထဲမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ အယောင်ပြပြီး အကျဉ်းသား၊ အကျဉ်းသူတွေကို ပိုက်ဆံကောက်နေတာလည်း ရှိတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read