Homeပြည်တွင်းသတင်းအကြမ်းဖက် စစ်ကောင်စီအတွက် ကင်းလှည့်ရေယာဉ် ၆ စီး တရုတ်ပေးအပ်

အကြမ်းဖက် စစ်ကောင်စီအတွက် ကင်းလှည့်ရေယာဉ် ၆ စီး တရုတ်ပေးအပ်

၁၃ ဇွန်၊ ၂၀၂၄

ဇွန်လ ၁၁ ရက်က တရုတ်နိုင်ငံ အစိုးရက မြန်မာနိုင်ငံကို ကူညီထောက်ပံ့တဲ့ ကင်းလှည့်ရေယာဉ် ၆ စီးကို ရန်ကုန်မြို့မှာ ပေးအပ်ခဲ့ပါတယ်။

တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံအစိုးရက တရုတ်နိုင်ငံကို တရား ဝင်အဆိုပြုခဲ့ပြီး ၂ဝ၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ စီမံကိန်းရဲ့ လဲလှယ် မှုစာလွှာကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကလည်း အခုတရုတ်နိုင်ငံ ကူညီထောက်ပံ့တဲ့ ၂၈ မီတာ ကင်းလှည့်ရေယာဉ် ၂ စီးနဲ့ ၄၈ မီတာ ကင်းလှည့်ရေယာဉ် ၄ စီးတို့ကို ရဲကြောင်းရဲတပ်ဖွဲ့က အသုံးပြုသွားမှာဖြစ်တယ်လို့ ထုတ်ပြန် ထား ပါတယ်။

မကြာသေးမီက စစ်ကောင်စီရဲ့ ရေတပ်က ကင်းထိုးရေယာဉ်တွေကို ကယ်ဆယ်မယ်ထင်လို့ သွားရောက် ပူးပေါင်းတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့စက်လှေ၂စီးကို ပစ်ခေတ်ပြီး တိမ်းမှောက်အောင် လုပ်ခဲ့တဲ့ ရုပ်သံဖိုင် တစ်ခုလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

ဒီလို တိမ်းမှောက်စေတာကြောင့် လှေပေါ်ပါလာတဲ့ အောက်ခြေရဲဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ရေထဲနစ် မြုပ်ကုန်ပြီး အမျိုးသမီး နှစ်ဦးနဲ့ ကလေးနှစ်ဦးက အခုထက်ထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

တရုတ်နိုင်ငံအစိုးရဟာ တဖက်မှာလည်း ရခိုင်ပြည်နယ်ထဲက သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ စီးပွားရေး ဇုန်တွေ မထိခိုက်အောင် AA နဲ့ ဆွေးနွေးနေဆဲအဆင့်မှာ ရှိနေပါတယ်။

ဆက်စပ် သတင်းများ

Most read