ဒီကနေ့ ဇန်နဝါရီ ၁ရက်မှာကျရောက်တဲ့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော် လှန်ရေးရဲ့အကျိုးစီးပွားကို ရှေ့ရှုတဲ့အ ပြင် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေး ချမ်းစေရေး၊ လူသားချင်းစာနာထောက် ထားမှုကို အလေးထားတဲ့အနေနဲ့အကျဉ်း ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ပြစ် ဒဏ်ကျခံနေတဲ့ အကျဉ်းသား/အကျဉ်းသူ (၁၁၀)ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထုတ်ပြန်ကြေညာထားပါတယ်။
အဲ့ဒီလွတ်ငြိမ်းချမ်းသာခွင့်ကိုရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အ ရ စည်းကမ်းသတ်မှတ်ချက်မထားဘဲလွတ်ငြိမ်း သက်သာခွင့်ပြုလိုက်တာဖြစ်ပြီး၊ လွတ်ငြိမ်းသက်သာခွင့်ကို NUGအစိုး ရ ယာယီသမ္မတ ဒူဝါလရှီလ က လက် မှတ်ရေးထိုး ကြေညာလိုက်တာဖြစ်ပါတယ်။
ဒါအပြင် ကျန်အကျဉ်းသား/အကျဉ်းသူတွေကိုလည်း ၎င်းတို့ကျခံနေရတဲ့ ထောင် ဒဏ်၏ သုံးပုံတစ်ပုံကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။


