Homeပြည်တွင်းသတင်းဟံသာဝတီလေဆိပ်စီမံကိန်းအတွက် သိမ်းထားခံရသည့်လယ်မြေများကို ပိုင်ရှင်များကပြန်တောင်းသော်လည်း စစ်ကောင်စီပြန်မပေး

ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် သိမ်းထားခံရသည့်လယ်မြေများကို ပိုင်ရှင်များကပြန်တောင်းသော်လည်း စစ်ကောင်စီပြန်မပေး

၇ မတ် ၊ ၂၀၂၅

ယခင် NLD လက်ထက်ကဟံသာဝတီလေဆိပ်စီမံကိန်းအတွက်ဆိုပြီး သိမ်းထားခံရတဲ့လယ်မြေတွေကို ပိုင်ရှင်များကပြန်တောင်းသော်လည်း စစ်ကောင်စီပြန်မပေးဘူးလို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဟံသာဝတီလေဆိပ်စီမံကိန်းကလည်း ရပ်ဆိုင်းသွားတာဖြစ်ပါတယ်။

ထို့ကြောင့် စီမံကိန်းပျက်ပြယ်သွားတဲ့အတွက် သိမ်းထားခံရတဲ့လယ်ယာမြေတွေကို ပိုင်ရှင်တွေကပြန်ရယူလိုသည်ဟု စစ်ကောင်စီအုပ်ချုပ်ရေးမှူး‌ကို ပြီးခဲ့တယ့် ၂၀၂၄ ခုနှစ်ကတင်ပြခဲ့တယ်လို့ သိမ်းဆည်းခံလယ်မြေပိုင်ရှင်များကဆိုပါတယ်။

သို့ပေမယ့် စစ်ကောင်စီအနေနဲ့ပြန်လည်ပေးအပ်ခြင်းမရှိဘဲ လေဆိပ်စီမံကိန်းတစ်လျှောက်လုံခြုံရေးတွေကို အပြည့်ချထားတယ်လို့ သိရပါတယ်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်တည်ဆောက်ရေးစီမံကိန်းကို ယခင် NLD လက်ထက်မှာ ဂျပန်အစိုးရနှင့် ပူးပေါင်း၍ နှစ်နိုင်ငံသဘောတူညီမှုဖြင့် ဆောင်ရွက်မှာဖြစ်ပါတယ်။

ယင်းစီမံကိန်းအတွက် လယ်ယာမြေအမြောက်အမြားကို သိမ်းယူထားပြီး ယခုအခါ စီမံကိန်းမစတင်နိုင်သည့်အတွက် မြေများကို ပြန်လည်ရယူလိုကြောင်း၊ လယ်ယာမြေပြန်မပေးလိုပါက လျော်ကြေးပေးစေလိုတယ်လို့ ဆိုပါတယ်။

ဟံသာဝတီအပြည်ပြည် ဆိုင်ရာလေဆိပ်ကို ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖြင့် တည်ဆောက်သွားရန်လျာထားပြီး၊ စီမံကိန်းအတွက် မြေဧရိယာ ဟက်တာ ၃၆၀၀ နီးပါးကိုအသုံးပြုမှာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read