Homeပြည်တွင်းသတင်းသံတွဲမြို့၊ သူဌေးချောင်းဆည် စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတဲ့အတွက် အနီးပတ်ဝန်းကျင်ရွာများ ချက်ချင်းပြောင်းရွှေ့ပေးဖို့ AA အရေးပေါ် ကြေညာ

သံတွဲမြို့၊ သူဌေးချောင်းဆည် စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတဲ့အတွက် အနီးပတ်ဝန်းကျင်ရွာများ ချက်ချင်းပြောင်းရွှေ့ပေးဖို့ AA အရေးပေါ် ကြေညာ

၂၇ ဇူလိုင်၊ ၂၀၂၄

အခု ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးရေချိန်အမှတ်ဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတဲ့အတွက် အာရက္ခတပ်တော်AAက ဒေသခံပြည်သူတွေကို ရေလွှမ်းမိုးမှုအတွက်အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန် တိုင်းတာချက်အရ ရက္ခိုင်ပြည်၊ သံတွဲမြို့၊ “သူဌေးချောင်း ဆည်”ဟာ စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်နေပြီဖြစ်ပါတယ်။

အခုထက်ပိုတဲ့ မိုးရေချိန်မှတ်ကို ရောက်ရှိလာနိုင်တဲ့အတွက် သူဌေးချောင်းဆည်နဲ့ အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းတဲ့လမ်းကြောင်းတွေက ရွာတွေအနေနဲ့ နီးစပ်ရာကုန်းမြင့်နဲ့ ရေဘေးလွတ်ရာနေရာတွေကို အမြန်ဆုံးချက်ချင်းရွှေ့ပြောင်းပေးကြဖို့ အရေးပေါ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ကို မနက် ၁၀ နာရီ ၄၀ မိနစ်မှာ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ အာရက္ခတပ်တော်AAရဲ့ ကယ်ဆယ်ရေး စေတနာ့ ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read