Homeပြည်တွင်းသတင်းသံတွဲမြို့နယ်ရှိစစ်ဘေးရှောင်များ အရေးပေါ် အကူအညီလိုအပ်နေ

သံတွဲမြို့နယ်ရှိစစ်ဘေးရှောင်များ အရေးပေါ် အကူအညီလိုအပ်နေ

၁၄ ဇူလိုင်၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နဲ့ ငပလီမြို့က ကလေးငယ်နဲ့အမျိုးသမီးတွေပါဝင်တဲ့ စစ်ရှောင် ၂၀၀၀ ဦးကျော်ဟာ စားဝတ်နေရေးအခက်အခဲတွေ့နေတဲ့အတွက် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့သိရပါတယ်။

လက်ရှိမှာ သံတွဲ၊ ငပလီ၊ ဂွနှင့် ကျိန္တလီဒေသတွေက စစ်ရှောင်တွေဟာ တစ်ပိုင်တစ်နိုင်အလှူရှင်တွေနဲ့ စုပြီးလှူကြတဲ့ ပရဟိတအဖွဲ့တွေရဲ့ အလှူငွေတွေနဲ့စားသောက်နေရတယ်လို့ သိရပါတယ်။

သံတွဲမြို့နဲ့ ငပလီမြို့မှာ ကျန်ရှိနေတဲ့ဒေသခံတွေကို စစ်ပွဲဇုန်တွေထဲမှာဆက်မနေဘဲ ယာယီရှောင်ဖို့ တိုက်တွန်းနေကြပေမဲ့ ဒေသခံတွေအနေနဲ့ ဘယ်စစ်ရှောင်စခန်းကိုသွားရောက်ရမယ်ဆိုတဲ့ လမ်းညွှန်ထားခြင်းမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ သံတွဲမြို့ပေါ်မှာပိတ်မိနေတဲ့ဒေသခံတွေအနေနဲ့ AA ထိန်းချုပ်နယ်မြေတွေကို လာဖို့ ကြေညာထားပေမဲ့ စစ်ကောင်စီဘက်ကလည်း သံတွဲမြို့ဒေသခံတွေကို လူသားဒိုင်းသဖွယ်အသုံးပြုနေကြပါတယ်။

စစ်ကောင်စီဟာ သံတွဲမြို့နယ်အတွင်းက ကျေးရွာတွေကို နေ့တိုင်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် ရေကြောင်းကပါ လက်နက်ကြီး ၊ အမြောက်ကျည်တွေနဲ့ပစ်ခတ်နေတဲ့အတွက် အရပ်သားသေဆုံးမှုလည်း နေ့စဉ်ရှိနေပါတယ်။

လက်ရှိမှာ AA က ခမရ ၅၆၆ နဲ့ ခလရ ၅၅ စစ်ကောင်စီ တပ်ရင်း ၂ ခုကိုသိမ်းပိုက်ထားပြီး သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင်နေပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့လည်ကစပြီး သံတွဲမြို့ကို ဆက်သွယ်နေတဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေကာ မနေ့က တိုက်ပွဲမှာပစ်တဲ့လက်နက်ကြီး ကျည်ကြောင့် သံတွဲထောင် အုတ်နံရံထိပြီး ထောင်ပွင့်ကာ အကျဉ်းသား တချို့ လွတ်မြောက်တယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read