Homeပြည်တွင်းသတင်းသောင်ရင်းမြစ် စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေလွှမ်းမိုးနေ

သောင်ရင်းမြစ် စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေလွှမ်းမိုးနေ

၂၆ ဇူလိုင်၊ ၂၀၂၄

သောင်ရင်းမြစ်ရေကြီးပြီး စိုးရိမ်ရေမှတ်အထက် ၉၆၃ စင်တီမီတာကျော်လွန်နေတာကြောင့် မြဝတီမြို့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေလွှမ်းမိုးနေပါတယ်။

မြဝတီမြို့က တရုတ်လောင်းကစားရုံတွေ၊ နေအိမ်တွေနဲ့ BGF တပ်ဖွဲ့ရဲ့ ကုန်စည်ကူးသန်းဂိတ်တွေမှာ ရေနစ်မြုပ်နေတယ်လို့ ပြောပါတယ်။

မြဝတီမြို့ ကုန်းမြင့်နေရာတွေမှာ ယာယီရေဘေးရှောင်စခန်းတွေ ဖွင့်လှစ်ထားပြီး ရေကြီးတဲ့နေရာတွေက ဒေသခံအများစုက ရေဘေးရှောင်စခန်းတွေကို သွားရောက်နေထိုင်နေကြပါတယ်။

” အခုက သောင်ရင်းမြစ်ကမ်းက တရုတ်ကာစီနိုတွေ အကုန်မြုပ်တယ်။ အဓိက နေရာတွေကတော့ သောင်ရင်း မြစ်ကမ်းနားက အိမ်တွေပေါ့။ မြို့ထဲက လမ်းတွေကတော့ ပုံမှန်ရေကျော်တာမျိူးလောက်ပဲ ရှိပါတယ်။ ဈေးဆိုင်တွေလည်း ပိတ်ထားတယ်” လို့ မြို့ခံလူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အပြင် ဘုရားသုံးဆူဘက်က စစ်ရှောင်စခန်းတွေမှာလည်း ရေကြီးနစ်မြုပ်နေ တယ်လို့ ဆိုပါတယ်။

ဘုရားသုံးဆူ စစ်ရှောင်စခန်းကလူတွေ ပြောပြချက်အရ သုံးရက်ဆက်တိုက် မိုးရွာနေတာကြောင့် စားသောက် ရေးပါ ခက်ခဲနေတယ်လို့ သိရပါတယ်။

ရေကြီးနေတာကြောင့် မြေပြိုမှုတွေ ဖြစ်နိုင်ပြီး ကော့ကရိတ် မြဝတီလမ်းကိုလည်း ဇူလိုင်လ ၂၆ ရက်က ၃၁ ရက်ထိ ပိတ်သွားမယ်လို့ သိရပါတယ်။ မြဝတီမြို့တစ်ဘက်ကမ်း မဲဆောက်မြို့မှာလည်း နေရာတော်တော်များ များမှာ ရေလွှမ်းမိုးပြီး ရေကြီးနေတာကြောင့် ဇူလိုင်လ ၂၆ ရက်နေ့မှာ တချို့စာသင်ကျောင်းတွေ ပိတ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read