Homeပြည်တွင်းသတင်းသီပေါနဲ့ နောင်ချိုမြို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ

သီပေါနဲ့ နောင်ချိုမြို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ

၂၀ စက်တင်ဘာ ၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်နဲ့ နောင်ချိုမြို့တွေကို စစ်ကောင်စီက လေကြောင်းက တဆင့် နေ့စဥ်လာရောက်ဗုံးကြဲနေပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ တအာင်းတပ်မတော် – TNLAက စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လည် ၁၂နာရီခွဲကနေ ၁နာရီ ၅၀ မိနစ်အထိ ဂျက်ဖိုက်တာနဲ့ (၃)ကြိမ်လာရောက်ကာ လူအများအပြားသေကြေပျက်စီးစေနိုင်တဲ့ ပေါင် (၅၀၀)ဗုံး အပါအဝင် ဗုံး(၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲ့ဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြိုနယ် ကွန်ကျုံးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူလူထုတွေရဲ့ နေအိမ်တွေကို ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ နောင်ချိုမြိုနယ်ကိုလည်း စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၃နာရီ ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၆၀)ကျော် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို ဘူတာရုံ၊ ဓမ္မာရုံအနောက်ဘက်၊ ငှက်ပျော်ခြံနဲ့ မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်နဲ့ ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read