Homeပြည်တွင်းသတင်းသီပေါတိုက်ပွဲအတွင်း သီပေါအကျဉ်းထောင်ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

သီပေါတိုက်ပွဲအတွင်း သီပေါအကျဉ်းထောင်ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

၁၁ အောက်တိုဘာ၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အောက်တိုဘာ ၁၀ရက်မှာ သီပေါအကျဉ်းထောင်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အောက်တိုဘာ ၁၀ ရက် ၊ နေ့လည် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက သီပေါအကျဉ်းထောင် နဲ့အနီးပတ်ဝန်း ကျင်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် သီပေါအကျဉ်းထောင်အပါအဝင် လူနေအိမ် ၇ လုံးထက် မနည်း ပျက်စီးသွားခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှုအခြေအနေတွေကို အသေးစိတ်မသိရသေးပါဘူး။ သီပေါရဲ့ အခြေစိုက်တပ်စခန်း ၃ ခုထဲက ခမရ-၅၀၃နဲ့ ၅၀၄ တပ်စခန်းတွေကို TNLA က တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိမှာ ခလရ- ၂၃ တပ်တစ်ခုသာ ကျန်တော့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၈ ရက်ထဲက ခလရ ၂၃ က ဗျူဟာမှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်ကောင် စီဘက်က ရဟတ်ယာဉ် ၅ စီးနဲ့ လာပြီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံ သတင်းတွေမှာ ဖော်ပြပါတယ်။ သီပေါမြို့ကိုလည်း စစ်ကောင်စီကဗုံးဆက်တိုက်ကြဲနေပြီး ဒေသခံတွေက ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် သီပေါ ဒေသခံ အရပ်သား ၃၀ နီးပါး သေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရ ထားပါတယ်။

အောက်တိုဘာ ၉ ရက် ညနေ (၃း၀၀)နာရီဝန်းကျင်မှာ စစ်ကောင်စီက Y-12လေယာဥ်နဲ့ ရွှေကျောင်းရပ်ကွက်နဲ့ ပန်တိမ်တောင်ရပ်ကွက်ကို ဗုံး ၁၀ လုံး ကြဲချပါတယ်။

အောက်တိုဘာ ၈ ရက် ည ၁၀နာရီကျော်မှာလည်း တောင်မြိုရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်၊ အုတ်ကျင်း ရပ်ကွက် နဲ့ နမ့်ငုံးကျေးရွာတို့ကို ဗုံးအလုံး ၅၀ ကျော် ကြဲချခဲ့ပါတယ်။

နမ့်ငုံးရွာမှာ ဗုံးကြဲချမှုကြောင့် ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး သီလရှင်တစ်ပါး ပျံလွန်တော်မူ ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သီပေါမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေအကြား စက်တင်ဘာ ၁၄ ရက်က စပြီး တစ်လနီးပါး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ်က သူတို့ လက်ကျန်တပ်စခန်းအတွက် Y12 လေယာဉ်နဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်း ၁၁ ထုတ်လာ ရောက် ပို့ပေးထားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ပုံစာ- အောက်တိုဘာ ၈ရက် နဲ့ ၉ ရက်တို့မှာ သီပေါမြို့ ဗုံးကြဲစဉ်

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read