Homeပြည်တွင်းသတင်းသာကေတမှာ ရွှေဆိုင်ဖွင့်ဖို့ သွားတဲ့ အမျိုးသမီးတဦး လမ်းမှာပြန်ပေးဆွဲခံရ

သာကေတမှာ ရွှေဆိုင်ဖွင့်ဖို့ သွားတဲ့ အမျိုးသမီးတဦး လမ်းမှာပြန်ပေးဆွဲခံရ

၁၈ မတ်၊ ၂၀၂၅

ဒီနေ့ မတ်လ ၁၈ ရက်မနက်ပိုင်းက သာကေတမြို့နယ်မှာ ရွှေဆိုင်ဖွင့်ဖို့ သွားတဲ့ အမျိုးသမီးတဦး ပြန်ပေးဆွဲခံရတယ်လို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက New Day Myanmar ကိုအတည်ပြုပါတယ်။

ဒီီီနေ့ မနက် ၉ နာရီဝန်းကျင်အချိန်က ဒေါ်စန္ဒာလင်းဟာ သူနေအိမ်ရှိရာထူပါရုံ ၂၂ လမ်းကနေ စျေးကို အသွား လမ်းထိပ်မှာ အသင့်စောင့်ဆိုင်းနေတဲ့ လူ ၄ ဦးက ကားပေါ်ဆွဲတင်ကာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြန်ပေးဆွဲခံရတဲ့ ဒေါ်စန္ဒာလင်းကို စစ်ကောင်စီရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

“ဖြစ်စဉ်ကမှန်တယ်။ မနက်ပိုင်းလောက်ကဖြစ်သွားတာ။ ပြီးတော့ အဲဒီအမျိုးသမီးက တဦးတည်းနေတာ။ အခု သတင်းအစအနက လုံးဝပျောက်နေတယ်။ လိုက်တော့ရှာနေကြတယ်။ ရွှေဘယ်လောက်ပါသွားလဲဆိုတာတော့ အတိအကျမသိရသေးဘူး” လို့ သက်ဆိုင်ရာစစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဆိုပါ အမျိုးသမီးဟာ သာကေတမြို့နယ်ရှိ အမှတ် ၁ စျေးမှာ လင်းလက်ရွှေစင် အမည်နဲ့ ရွှေဆိုင်ဖွင့်လှစ်ထားတာဖြစ်ပြီး ဆိုင်သိမ်းချိန် ရွှေထည်တွေကို နေ့စဉ် နေအိမ်သို့ ယူဆောင်သွားလေ့ရှိပြီး နောက်တနေ့မှာ ပြန်ခင်းရောင်းချတာဖြစ်ပါတယ်။

ပုံစာ – ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဒေါ်စန္ဒာလင်း

ဆက်စပ် သတင်းများ

Most read