Homeပြည်တွင်းသတင်းသပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်းမပြုဖို့ ပကဖ သတိပေး

သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်းမပြုဖို့ ပကဖ သတိပေး

၁၆ စက်တင်ဘာ၊၂၀၂၄

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲတာ၊ လက်ဝယ်ထားရှိတာနဲ့၊ ရောင်းချခြင်းတွေ လုံးဝ မပြုလုပ်ဖို့သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်သတိပေးတား မြစ်လိုက်ပါတယ်။

ဘိန်းဖြူ၊ ဘိန်းမဲ၊ ဘိန်းစိမ်း၊ ဆေးခြောက် (သို့မဟုတ်)ဆေးခြောက်အဆီ (သတ်မှတ် အလေးချိန် ၂၅ဂရမ် ထက်ပိုပါ က) အစရှိသည်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးတွေအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေနဲ့ သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးတွေအဖြစ် သတ်မှတ်ထားတဲ့ ဘိန်းဖြူ၊ ဘိန်းမဲ၊ ဆေးခြောက်၊ ဆေးခြောက်အဆီ အစရှိတာတွေကို လုံးဝ (လုံးဝ) သုံးစွဲ ခြင်းမပြုဖို့နဲ့ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း မပြုဖို့ သတိပေးတယ်လို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရန်၊ ထိရောက်စွာ နှိမ်နင်းအရေးယူနိုင်ဖို့ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ပေးဖို့ သပိတ်ကျင်းပကဖက မေတ္တာရပ်ခံထားပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်းက မည်သည့်နေရာတွင်မဆို မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းတွေ တွေ့ရှိပါက ပြည်သူလူထုအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ အချက်အလက်နဲ့တကွ လာရောက်တိုင်ကြားပေးဖို့ကိုလည်း သပိတ်ကျင်း ပကဖက ထပ်မံမေတ္တာရပ်ခံထားပါတယ်။

ပုံစာ – မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲခြင်းမပြုရန် သပိတ်ကျင်းပကဖက သတိပေးကြေညာချက်

Photo -MOD /သပိတ်ကျင်း ပကဖ

ဆက်စပ် သတင်းများ

Most read