Homeနိုင်ငံတကာသတင်းသက်ဆင်ရဲ့ သမီး ပေထောင်တန် ရှင်နာ၀ပ်ထရာ ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

သက်ဆင်ရဲ့ သမီး ပေထောင်တန် ရှင်နာ၀ပ်ထရာ ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

၁၆ ဩဂုတ်၊ ၂၀၂၄

ဖွေထိုင်းပါတီက ဝန်ကြီးချုပ်အဖြစ် တင်သွင်းခဲ့တဲ့ ပေထောင်တန် ရှင်နာ၀ပ်ထရာ ကို ဒီနေ့ သောကြာနေမှာပဲ ထိုင်းပါလီဝန်က ဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်ပါတယ်။ သူဟာ ထိုင်းနိုင်ငံရဲ့ ၃၁ ကြိမ်မြောက်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ရတော့မှာဖြစ်တယ်။

သူဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာ၀ပ်ထရာရဲ့ တူမတော်စပ်သူဖြစ်ပါတယ်။ သူဟာ ထိုင်း နိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်လည်းဖြစ်လာပါတယ်။

သူက ဖွေထိုင်းပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ထိပ်တန်းရာထူး ကို ရယူမယ့် တတိယမြောက် ရှင်နာဝပ်ထရာ မျိုးဆက်ဖြစ်လာခဲ့တာပါ။

ဆက်စပ် သတင်းများ

Most read