Homeပြည်တွင်းသတင်းဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံမှုနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ တိုင်းမှူးဗိုလ်ချုပ်ကြည်ခိုင် အပါအဝင် စစ်တပ်အရာရှိတချို့ကို ခေါ်ယူစစ်ဆေးနေ

ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံမှုနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ တိုင်းမှူးဗိုလ်ချုပ်ကြည်ခိုင် အပါအဝင် စစ်တပ်အရာရှိတချို့ကို ခေါ်ယူစစ်ဆေးနေ

၂၉ ဇွန်၊၂၀၂၄

ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံမှုနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ တိုင်းမှူးဗိုလ်ချုပ်ကြည်ခိုင် အပါအဝင် စစ်တပ်အရာရှိတချို့ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို မန္တလေးမှာ ပြုလုပ်နေပြီး ဖြစ်စဉ်မှာ လုပ်ဆောင်ခဲ့တဲ့ အချက်တွေ နဲ့ ပတ် သက်ပြီး ပါဝင်ပတ်သက်သူတွေ၊ မျက်မြင်သက်သေတွေနဲ့ အနားမှာရှိတဲ့အရပ်သားတွေကိုပါ ကျယ် ကျယ်ပြန့်ပြန့်စစ်ဆေးနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ သတင်းဌာကို ပြောဆိုထားပါ တယ်။

ဒီမတိုင်ခင် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို ပစ်ခတ်တဲ့ ဖြစ်စဉ်ကို PDF တွေလုပ်တာ ဖြစ်တယ်လို့ စစ်ကောင်စီက သူ့ရဲ့ဝါဒဖြန့် သတင်းဌာနတွေနဲ့ စစ်လော်ဘီသတင်းချန်နယ် တွေက တဆင့်ထုတ်ပြန်ခဲ့ ဖူးပါတယ်။

မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော်ကြီးက စစ်တပ်က ပစ်ခတ်တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ ဆရာတော်ကြီး ကိုပါ နန်းတွင်းတပ်ထဲကို ခေါ်ပြီး ၅ခါ မက စစ်တပ်ဘက်က လိုချင်တဲ့အဖြေထွက်အောင် မေးဖို့ ကြိုးစား တယ်ဆိုတဲ့ မိန့်ကြားချက်ထွက်လာမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပဲခူးတိုင်းအစိုးရအဖွဲ့ကို ၎င်းကိုယ် စာ တောင်းပန်ခိုင်းခဲ့တာပါ။

ဖြစ်စဉ်အပေါ် တာဝန်ရှိတဲ့သူတွေနဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေကို သုံးသပ်ပြီးမှ အရေးယူ မှုတွေ ဆက်လုပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

လက်ရှိဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဗိုလ်ချုပ်ကြည်ခိုင်ဟာ စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ဆင်းဖြစ်ပြီး မကွေးတို င်း၊ရေစကြိုဇာတိကဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်းနဲ့စစ်တပ် အာဏာသိမ်းပြီးနောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်း မှူးဖြစ်လာပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သူဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read