Homeပြည်တွင်းသတင်းဝင်းနိမ္မိတာရုံဆရာတော်ကြီးဖြစ်စဉ်အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်စား ပဲခူးတိုင်းအစိုးရအဖွဲ့ တောင်းပန် ဒီဖြစ်စဉ်အပေါ် မမေ့ပျောက်နိုင်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ကို ဆရာတော်ကြီးတစ်ပါး တုန့်ပြန်

ဝင်းနိမ္မိတာရုံဆရာတော်ကြီးဖြစ်စဉ်အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်စား ပဲခူးတိုင်းအစိုးရအဖွဲ့ တောင်းပန် ဒီဖြစ်စဉ်အပေါ် မမေ့ပျောက်နိုင်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ကို ဆရာတော်ကြီးတစ်ပါး တုန့်ပြန်

၂၄ ဇွန်၊ ၂၀၂၄

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူရတဲ့ ဖြစ်စဉ်နဲ့ပတ်သတ်လို့ မမေ့ပျောက်နိုင်ဘူး ဖြစ်စဉ်အပေါ် စစ်ခေါင်း ဆောင်မင်းအောင်ကိုယ်စား တောင်ပန်းပန်ခဲ့တဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ကို ဆရာတော်တစ်ပါးက မိန့်ကြား လိုက်ပါ တယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူရတဲ့ ဖြစ်စဉ်အပေါ် စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ပဲခူးတိုင်းအစိုးရအဖွဲ့မှတဆင့် သက်ဆိုင်ရာဆရာတော်ကြီးတွေထံ တောင်း ပန်စာပေးပို့ခဲ့တဲ့ အခန်းအနားမှာ ဆရာတော်ကြီးတစ်ပါးက အခုလိုမိန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ပေးပို့တဲ့စာဟာ ဇွန်လ ၂၂ ရက် ရက်စွဲတပ်ထားပြီး ဇွန်လ ၂၄ ရက် ဆရာတော်ကြီးရဲ့ အန္တိမစျာပန ၆ ရက်မြောက်တဲ့နေ့မှ ရောက်ရှိလာတာဖြစ်ပြီး ဒီတောင်းပန်စာကို ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ တာဝန်ရှိသူတွေကလာရောက်ပြီး ဖတ်ကြား ပေးခဲ့တာ ဖြစ်ပါတယ်။

တောင်းပန်စာ ဖတ်ကြားတာကို နားထောင်နေတဲ့ သံဃာထုထဲက နာယက ဆရာတော်ကြီးတစ်ပါးက

” ပြန်လည်ပြောရမယ်ဆိုလို့ရှိရင် အခု လျှောက်ထားတာတော့ သိရပြီပေါ့လေ။ ဝမ်းနည်းဖွယ်ရာ ကြေကွဲဖွယ်ရာ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး ။ ဝမ်းနည်းပါတယ် ကြေကွဲပါတယ် မမေ့ပျောက် နိုင်ဘူး ။ ဒါပဲပြောချင်တယ်” လို့ တောင်းပန်စာ ဖတ်ပြတဲ့ စစ်ကောင်စီဘက်က လူတွေကို ပြန်လည် တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

တောင်းပန်စာထဲမှာ ဆရာတော် ပျံလွန်တော်မူတာကို ဝမ်းနည်းဖွယ် သိရှိရပြီး ဆရာတော်ကြီးစီးနင်းလာတဲ့ ကားဟာ သာသနာတံဆိပ် နံပတ်ပြား မတပ်ထားတဲ့ အရပ်သားကား ဖြစ်နေခြင်း ၊ အရှိန်မြှင့်မောင်းနှင်နေ ခြင်း တို့ ကြောင့် လုံခြုံရေးအရ စစ်ဆေးဖို့ တားဆီးပေမယ့် မရပ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ လုံခြုံရေးအရ ပစ်ခတ်မိတာ ဖြစ်တယ်လို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် နေ့လည်မှာ ဖြစ်ပွားခဲ့တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို ပစ်ခတ်တဲ့ ဖြစ်စဉ်ကို PDF တွေလုပ်တာ ဖြစ်တယ်လို့ စစ်ကောင်စီက သူ့ရဲ့ဝါဒဖြန့် သတင်းဌာနတွေနဲ့ စစ်လော်ဘီသတင်းချန်နယ် တွေက တဆင့်ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၀ ရက်မှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို လိုက်လာတဲ့ မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော်ကြီးက စစ်တပ်က ပစ်ခတ်တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ ဆရာတော်ကြီးကိုပါ နန်းတွင်းတပ်ထဲကို ခေါ်ပြီး ၅ခါ မက စစ်တပ်ဘက်က လိုချင်တဲ့အဖြေထွက်အောင် မေးဖို့ ကြိုးစားတယ်ဆိုတဲ့ အဖြစ်မှန်ကို ထုတ်ဖော်မိန့်ကြားပြီးမှ စစ်ကောင်စီဟာ စစ်တပ်က ပစ်ခတ်တာကို ဝန်ခံခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read